ပြီးခဲ့တဲ့တပါတ်က အင်ဒိုနီးရှား အာဏာပိုင်တွေ ပြောဆိုချက်အရ
ဗုံးဖေါက်ဖို့ ကြံရွယ်သူ ၂ဦးကို အိမ်လုပ်ဗုံး ၅လုံးကြောပိုးအိပ်ထဲမှာ
တွေ့ ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီ၂ဦးဟာ ရဲတွေကို
တိုက်ခိုက်ခဲ့တဲ့ဂိုဏ်းထဲမှာ ပါဝင်ခဲ့သူတွေ ဖြစ်တယ်လို့ လဲ သိ ရ
ပါတယ်။
မြန်မာသံရုံးကို တိုက်ခိုက်ဖို့ကြံရွယ်ထားတဲ့ နေ့ရက်နဲ့
အချိန်ကိုပြောဖို့ တရားခံတွေက ငြင်းဆိုထားတယ်လို့ လဲသိ ရ ပါတယ်။
တရားခံတွေ က မြန်မာနိုင်ငံတွင်းမှာ ရိုဟင်ဂျာတွေကို တိုက်ခိုက်ခဲ့
တဲ့အတွက် လက်စားခြေလိုတာဖြစ်တယ်လို့ ရဲတွေကိုပြောတဲ့ အကြောင်းသိရပါတယ်။
မြန်မာသံရုံးနဲ့
သံအမတ်ကြီးနေအိမ်ကို ရဲအင်အား ၂၀၀၀လောက် ကာကွယ်ပေးဖို့ ချထားပြီး၊
သံရုံးရှေ့ မှာ မျက်ရည်ယိုဗုံး မီးသတ်ပိုက်တွေ တင်ဆောင်ထားတဲ့
ကားတွေနဲ့ လမ်းတွေကို ပိတ်ဆို့ထားတယ်လို့ လည်း သိရပါတယ်။
ရာနဲ့ချီတဲ့
ဆန္ဒပြသူတွေဟာ မွတ်စလင် ရိုဟင်ဂျာ ကယ်ဆယ်ရေး၊ မြန်မာနိုင်ငံတွင်း
မျိုးတုံးသတ်ဖြတ်ရေး ရပ်စဲဖို့၊ ဘာသာရေးတိုက်ပွဲ ဂျီဟပ်ကိုအလိုရှိတယ်၊
မွတ်စလင်တွေ စုစည်းကြ၊ အရှုံးမပေးဆိုတဲ့ လက်ကိုင်ပိုစတာတွေ
ကိုင်ဆောင်ထားကြတယ်လို့ ဆိုပါတယ်။
Islamic Defenders Front
အဖွဲ့ က ဥက္ကဌ Habib Rizieq Shihab က မြန်မာ နိုင်ငံနဲ့
သံတမန်ဆက်ဆံရေး ဖြတ်တောက်ပစ်ဖို့ အင်ဒိုနီးရှား သမ္မတ Susilo Bambang
Yudhoyono
ကိုတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြာကျွန်းမြောက်ပိုင်းမှာ လဲ အလားတူ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။
ပြီးခဲ့တဲ့
နှစ်က အစွန်းရောက်မွတ်စလင် ခေါင်းဆောင် Abu Bakar Bashir က
မြန်မာနိုင်ငံကို တိုက်ခိုက်မယ်ဆိုတဲ့အကြောင်း သမ္မတဦးသိန်းစိန်ကို
စာရေးသားပေးပို့ခဲ့တယ်ဆိုတဲ့အကြောင်း AP သတင်းအရသိရပါတယ်

No comments :
Post a Comment