Blogger Widgets

Tuesday, 21 May 2013

လန်ဒေါင်ပြည်နယ်တွင် ဗီယမ်နမ် နိုင်ငံလုပ် မောင်းသူ မဲ့ လေယာဉ်များအား အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့

ဗီယက်နမ်နိုင်ငံ လန်ဒေါင်ပြည်နယ်တွင် ဗီယမ်နမ် နိုင်ငံလုပ် မောင်းသူမဲ့ လေယာဉ်များအား အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့ကြောင်း ပြည်တွင်း သတင်းဌာနများက ဖော်ပြခဲ့ပါသည်။
ဗီယက်နမ် အာကာသ နည်းပညာအဖွဲ့ (Vietnam Space Technology Institude) မှထုတ်လုပ်သော အဆိုပါ မောင်းသူမဲ့ လေယာဉ် ၆ စင်းအား လန်ဒေါင်ပြည်နယ်၏ လတ်ဒေါင်ခရိုင်နှင့် ဒါးလတ် မြို့တို့တွင် မေလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၃၇ ကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်း နိုင်ခဲ့ကြောင်း Van Hoa The Thao သတင်းစာတွင် ဖော်ပြပါရှိ ခဲ့ပါသည်။ မောင်းသူမဲ့ လေယာဉ်တွင် ကင်မရာများ၊ ရောင်စဉ်တိုင်း ကိရိယာများနှင့် အခြား လိုအပ်သော ပစ္စည်းကိရိယာများ တပ်ဆင်ထားပြီး မြေပြင် ထိန်းချုပ်ရေး စနစ်မရှိဘဲ အလိုအလျောက် ပျံသန်း နိုင်ကြောင်း သိရှိရပါသည်

No comments :

Post a Comment

Blogger Widgets
Back to Top