Blogger Widgets

Wednesday, 22 May 2013

လာဘ်ပေးလာဘ်ယူမှုအောက်မှာ ပျော်မွေ့နေတော့ ပြဿနာတွေကို ရဲရဲရင့်ရင့်မကိုင်တွယ်နိုင်ခဲ့

““ကျွန်တော်တို့ လမ်းခွဲခဲ့တဲ့ ခေတ်ဟောင်းစနစ်ရဲ့ စရိုက်လက္ခဏာတွေ၊ အထူးသဖြင့် လာဘ်ပေးလာဘ်ယူအောက်မှာ ပျော်မွေ့နေခဲ့ကြတော့ နိုင်ငံအတွက် စိန်ခေါ်မှုတွေ ပေါ်လာရင်မှာ ရဲရဲရင့်ရင့် မကိုင်တွယ်နိုင်တော့ဘူး””ဟု ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုထားသည်။

ကျွန်တော့်အနေနဲ့ ပြောလိုတာက အလွတ်သဘောပြောသွားတဲ့ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲ ရေးကာလခေါင်းဆောင်မှုကို အမေရိကန် သမ္မတအိုဘားမားကိုယ်တိုင် အသိ အမှတ်ပြုတဲ့ အသံမျိုးကိုလည်း ကျွန် တော်တို့ ကြားခဲ့ရပါတယ်။ ဒီလို အသွင် ကူးပြောင်းမှုကာလမှာ ဖြစ်လေ့ဖြစ်ထရှိ တဲ့အတိုင်း လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခစိန်ခေါ်မှုတွေ ကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ ရခိုင်ပြည်နယ် အဖြစ်အပျက်၊ အခု မိတ်္ထီလာအဖြစ်အပျက်ကနေ (၉)ရက် အတွင်းမှာ (၁၅)မြို့နယ်ကူးသွားတဲ့ဖြစ် ရပ်ဖြစ်တယ်။ အဲဒါတွေနဲ့ပတ်သက်ရင် ကျွန်တော်တို့ အလေးအနက် ပြန်လည် သုံးသပ်ဖို့ လိုအပ်ပါတယ်။ နောင်လည်း ကျွန်တော်တို့ မျှော်လင့်ထားတဲ့ စိန်ခေါ် မှုတွေ တွေ့ရမှာဖြစ်သလို မမျှော်လင့်တဲ့ စိန်ခေါ်မှုတွေလည်း တွေ့ရမှာဖြစ်တယ်။ အဲဒီလိုတွေ့တိုင်းတွေ့တိုင်း ပြဿနာပေါ် တိုင်းပေါ်တိုင်း အရေးပေါ်အခြေအနေ ကြေညာတဲ့အဆင့်နဲ့ပဲ ကျွန်တော်တို့ ဖြတ်သန်းမလား၊ ဘာကြောင့်လဲဆိုရင် ငြိမ်ဝပ်ပိပြားရေးအတွက် ဖြစ်ရပ်တွေဆို ပေမယ့်လည်း ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ် လျှာတွေကို မေးခွန်းထုတ်လာနိုင်စရာ အခြေအနေတွေ ဖြစ်လာပါတယ်။

လေးစားရသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျား။

ကျွန်တော်တို့လို ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အန္တရာယ် ဖြစ်စေတဲ့ အခြေအနေမျိုး ပေါ်ပေါက် လာရင် ကျွန်တော်တို့ တည်ဆဲဥပဒေထဲ မှာကိုက ဒါတွေတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နိုင်မယ့် ဥပဒေပြဋ္ဌာန်းချက် တွေ ရှိပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ(၁၄၄)ထုတ်ပြန်ပြီး တားဆီး နိုင်မယ့် အဆင့်မျိုးကိုလည်း ကျွန်တော် တို့ဦးစွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ မလွဲမရှောင်သာလို့ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းရရင် အရေးပေါ်အခြေအနေမှာပါတဲ့ ကျွန်တော် တို့နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ ဒါ တွေကို ဆိုင်းငံ့အနေနဲ့ ရပ်ဆိုင်းနိုင်တယ်။ အဆုံးတစ်နေ့မှာ လိုအပ်လာလို့ရှိရင် လွှတ်တော်ကြီးရဲ့ လုပ်ငန်းဆောင်တာကို ပင် ထိခိုက်နိုင်တဲ့ အခြေအနေမျိုး ပေါ် ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် အခုလို အရေးအခင်းများ၊ လူမှုရေးအဓိကရုဏ်း တွေ ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့ ဥပဒေပေးထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ(၁၄၄)အရ ထုတ်ပြန်ပြီးတော့ ဆောင်ရွက်နိုင်တဲ့ ဥပဒေပြဋ္ဌာန်းချက် တွေကို ထိထိရောက်ရောက် ကျွန်တော် တို့ အသုံးပြုရမယ်ဆိုရင် အခုလို အရေး ပေါ်အခြေအနေအဆင့်အထိ ရောက် လာမှာ မဟုတ်ပါဘူး။

လေးစားရသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။

ဒီမှာ ကျွန်တော် (၁၄၄)နဲ့ပတ်သက် ပြီးတော့ ရှင်းလင်းတင်ပြရရင် (၁၄၄)ဆို တာ အများပြည်သူကို နှောင့်ယှက်မှုနဲ့ စိုးရိမ်တဲ့အရပ်ကိုစောင့်တဲ့ ယာယီအား ဖြင့် အသုံးပြုနိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။ ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဝေး၊ ငြိမ်ဝပ် ပိပြားရေးကို နှောင့်ယှက်တဲ့ အစုအဝေး ဖြစ်ပေါ်လာရင် ပုဒ်မ(၁၄၄)ကိုသုံးပြီး တော့ ရှာထုတ်ဖို့ ဥပဒေပြဋ္ဌာန်းချက် ရှိရဲ့ သားနဲ့ အခု မိတ်္ထီလာဖြစ်ရပ်ကို ပြည် ထောင်စုဝန်ကြီး တင်ပြချက်ကို နား ထောင်တဲ့အခါမှ ကျွန်တော် အံ့သြသွား တဲ့အချက်တွေ တွေ့ရပါတယ်။ (၁၄၄)နဲ့ ပတ်သက်ရင် အရင်ဆုံးတာဝန်ရှိတဲ့သူ ဟာ ရာဇ၀တ်တရားသူကြီးဖြစ်ပါတယ်။ ရာဇ၀တ်တရားသူကြီးမရှိတဲ့အခါ ရဲအရာရှိ အဆင့်မှာ ဒုတိယအာဏာရှိပါတယ်။ အဲဒီတာဝန်ရှိတဲ့သူတွေကိုယ်တိုင်က ဒီ တာဝန်ကို ဆောင်ရွက်ဖို့ ဆက်သွယ်လို့ မရဘူးဆိုရင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ(၁၃၁)အရ ပြန်တမ်းဝင် တပ်မတော် အရာရှိများကလည်း ဒီအစုအဝေးပေါ် မှာ လူစုခွဲဖို့ အာဏာရှိပါတယ်။ အခုလို ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးတင်ပြ ချက်ကို နားထောင်ပြီးတဲ့အခါမှာ ဒီ ရာဇ၀တ်တရားသူကြီးအဆင့် ပါဝင်မှု လုံးဝမတွေ့ရပါဘူး။ နောက်တစ်ချက်က ရဲအရာရှိများနဲ့ပတ်သက်တဲ့ကိစ္စ၊ ရဲအရာရှိ များရဲ့ လူစုလူဝေး ကိုင်တွယ်မှုများကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူး။ ဒီအဓိကရုဏ်းနှိမ်နင်းရေးဒိုင်းတွေ၊ လက် နက်တွေကိုင်ပြီးတော့ စောင့်ဆိုင်းနေတဲ့ ပုံတွေကိုပဲ မီဒီယာတွေမှာ ကျွန်တော်တို့ တွေ့ရပါတယ်။

အခုလို ရဲအရာရှိတွေ တရားသူကြီး တွေ မိမိထမ်းရွက်တဲ့တာဝန်ကို ဘာ ကြောင့် တက်တက်ကြွကြွ မထမ်းခဲ့သလဲ၊ ဒါနဲ့ပတ်သက်ရင် ကျွန်တော်တို့ လမ်းခွဲခဲ့ တဲ့ ခေတ်ဟောင်းစနစ်ဟောင်းရဲ့ စရိုက် လက္ခဏာတွေ အထူးသဖြင့် လာဘ်ပေး လာဘ်ယူအောက်မှာ ပျော်မွေ့နေခဲ့ကြ တော့ တကယ့်ကို နိုင်ငံအတွက် စိန်ခေါ် လာတဲ့ ပြဿနာတွေကို ရဲရဲရင့်ရင့် မကိုင် တွယ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီးက ဒီမိတ်္ထီလာကိစ္စနဲ့ပတ် သက်ပြီးတော့ အင်မတန် မှတ်သားဖို့ ကောင်းတဲ့လမ်းညွှန်မှု ပြုခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးမှာ အဓိကတာဝန် ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေ နဲ့အညီ ရဲရင့်ပြတ်သားစွာ ဆောင်ရွက် ကြဖို့ဆိုပြီး သမ္မတကြီးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လမ်းညွှန်ခဲ့ပါတယ်။ သို့သော် ရဲတပ်ဖွဲ့ဟာ ရဲဝံ့ပြတ်သားစွာ မဆောင် ရွက်နိုင်တာ ဘာကြောင့်လဲ။ ကျွန်တော် တို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အဆင့် အတန်းသည် နိုင်ငံတကာနဲ့သော်လည်း ကောင်း၊ အိမ်နီးချင်းနိုင်ငံများနဲ့လည်း ကောင်း နှိုင်းယှဉ်လိုက်ရင် ကျွန်တော်တို့ ဘယ်လောက် နိမ့်ကျနေသလဲ။

ထိုင်းနိုင်ငံ မှာ ရဲအရာရှိများရဲ့ တာဝန်ယူဆောင် ရွက်မှုနဲ့အတူ သူတို့ရဲ့အဆင့်အတန်းဟာ ဘယ်လောက်မြင့်မားတယ်ဆိုတာ ထိုင်း နိုင်ငံရောက်ဖူးတဲ့လူတိုင်း သိကြပါတယ်။ ကျွန်တော်တို့မှာတော့ ကျွန်တော်တို့ ရဲအရာရှိတွေဟာ တစ်ဖက်က နားလည် ပါတယ်။ ၁၂၃ မှာဆိုရင် တပ်မတော်ရဲ့ အင်အားကို စစ်အင်အားသုံးဖို့ တရားသူ ကြီးများကို အာဏာအပ်နှင်းထားပါ တယ်။ တပ်မတော်ကလည်း ပါဝင်နိုင်ပါ တယ်။ တပ်မတော်ဟာ အရေးပေါ် အခြေအနေကြေညာမှသာလျှင် ရုန်းရင်း ဆန်ခတ်မှုကို နှိမ်နင်းနိုင်မှာ မဟုတ်ပါ ဘူး။ အရေးပေါ်အခြေအနေ မကြေညာ ဘဲ ပုဒ်မ(၁၄၄)ထုတ်ပြန်ထားတဲ့အချိန်မှာ ကို တပ်မတော်ရဲ့အင်အားကိုယူပြီးတော့ ငြိမ်ဝပ်ပိပြားရေးရအောင် ဆောင်ရွက်နိုင် တဲ့ဥပဒေပြဋ္ဌာန်းချက် ပြဋ္ဌာန်းထားပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ အရေး ပေါ်ကြေညာတဲ့အခြေအနေ မရောက် ခင်မှာကို ပုဒ်မ(၁၄၄)ထုတ်ပြန်ထားတဲ့ အချိန်မှာကို အထူးသဖြင့် တာဝန်ရှိတဲ့ ရာဇ၀တ်တရားသူကြီး၊ ရဲအရာရှိ၊ တပ်မ တော်ပြန်တမ်းဝင် အရာရှိများရဲ့ ဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ကြ မယ်ဆိုရင် အခုလို အရေးပေါ်အခြေ အနေ ရခိုင်မှာကြေညာခဲ့ပြီးပြီ။ မိတ်္ထီလာ မှာကြေညာခဲ့ပြီးပြီ။ နောက်ထပ် စိန်ခေါ် မှုနဲ့တွေ့လာတဲ့အခါမှာ ထပ်မံကြေညာဖို့ မလိုဘဲနဲ့ ဆောင်ရွက်နိုင်မယ့် နည်းလမ်း များကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ က အလေးအနက် စဉ်းစားဖို့ နာယက ကြီးမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် ကို တင်ပြလိုပါတယ်။

နောက်ထပ် ကျွန်တော် တင်ပြချက် တဲ့အချက်က အခု အရေးအခင်းကနေ ကျွန်တော်တို့ကို ဘာသတိပေးလိုက်သလဲ ဆိုတော့ ရဲတပ်ဖွဲ့နဲ့ပတ်သက်ပြီး ကျွန် တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၁)မှာ ရဲတပ်ဖွဲ့ကို ကျွန်တော်တို့က နိုင်ငံ တော် ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍမှ ရဲတပ်ဖွဲ့ကို ပြည်ထောင်စုဥပဒေ စီရင်ရေး မှာပဲ ကျွန်တော်တို့ ထည့်သွင်းထားခဲ့ပါ တယ်။ အဲဒီတော့ ဇယား(၂)ဖြစ်တဲ့ တိုင်း ဒေသကြီး ပြည်နယ်ဥပဒေစာရင်းမှာ တော့ ရဲတပ်ဖွဲ့နဲ့ပတ်သက်ပြီး ပါဝင်ခြင်း မရှိပါဘူး။ အခုလို အရေးအခင်းတွေဖြစ် တဲ့အခါမှာ ဥပဒေပြဋ္ဌာန်းချက်တင်မဟုတ် ဘူး။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ အာဏာခွဲဝေမှုတွေကိုလည်း ပြန်လည် စဉ်းစားသုံးသပ်ဖို့ လိုအပ်ပါတယ်။ အိန်္ဒိယ နိုင်ငံမှာဆိုရင် ရဲတပ်ဖွဲ့နဲ့ပတ်သက်ပြီး တော့ ဗဟိုအစိုးရကော ပြည်နယ်အစိုးရ တရားခံဖမ်းဖို့ လက်ထိပ်တောင် ငွေနဲ့ ကိုယ်ဝယ်သုံးနေရတဲ့ ဘ၀မျိုးပါ။ သို့သော် ဘာဖြစ်ဖြစ် အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို နှောင့် နှေးအောင်လုပ်တဲ့ အဓိကရုဏ်းတွေရုန်း ရင်းဆန်ခတ်မှုတွေကို နှိမ်နင်းဖို့အတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၇ ကနေ ၁၃၁ အထိ ပေးအပ်ထားတဲ့ ဥပဒေလုပ် ပိုင်ခွင့်တွေကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ဖို့လိုပါ တယ်။

ဒီလို ဆောင်ရွက်တဲ့အတွက်လည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ် ၁၃၂ မှာ ရဲအရာရှိ ရာဇ၀တ်တရားသူကြီး တပ်မ တော်အရာရှိ အဲဒီကိစ်္စမှာ တာဝန်ယူပြီး ဆောင်ရွက်တဲ့သူတွေကို သူတို့ တာဝန် ထမ်းဆောင်မှုနဲ့ပတ်သက်ပြီး တရားစွဲဆို ခွင့်မရှိဘူးဆိုပြီးတော့ ကင်းလွတ်ခွင့်ပေး ထားပါတယ်။ ဒါဟာ ရဲရဲဝံ့ဝံ့ ဆောင်ရွက် ရမယ့်အချက်ပါ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ၁၉၅၆ ခုနှစ် ပါလီမန် ဒီမို ကရေစီခေတ်ကပင် ထုတ်ပြန်ခဲ့တဲ့ ရုန်း ရင်းဆန်ခတ်လက်ဆွဲ ဥပဒေပါ။ ဒီနေ့ ဒီဥပဒေနဲ့ ပတ်သက်ပြီး တရားသူကြီးများ ရဲအရာရှိများ လေ့လာဖတ်ရှုမှု အသုံးပြုမှု အင်မတန်အားနည်းနေတာ တွေ့ရပါ တယ်။ ဒီရုန်းရင်းဆန်ခတ်လက်ဆွဲဥပဒေ ဟာ ဘယ်လောက်အထိ အသေးစိတ် ဖော်ပြထားသလဲဆိုရင် ရာဇ၀တ်တရား သူကြီးတွေ၊ ရဲအရာရှိတွေ့ရဲ့ ပါဝါနဲ့ အာ ဏာတွေ လူကိုယ်နဲ့ ပစ္စည်းကို ခုခံကာ ကွယ်တဲ့နေရာ ဖမ်းဆီးနိုင်တဲ့အာဏာ၊ လိုက်နာကတိပြုရန် အချို့သော အဓိက ကျတဲ့ အာဏာတွေ။ အဲဒီ့အပြင် နောက် ဆက်တွဲအနေနဲ့ အစုအဝေးများကို အင် အားဖြင့် လူစုခွဲခြင်း၊ ရုန်းရင်းဆန်ခတ်မှု ကို စီမံကိန်းရေးဆွဲခြင်းစတဲ့ အချက်များ ကိုပင်လျှင် အသေးစိတ်ဖော်ပြပေးသော ဒီလိုပေါ်ပေါက်လာတဲ့ ရုန်းရင်းဆန်ခတ်မှု တွေကို ထိထိရောက်ရောက် ခြေမြန် လက်မြန်လုပ်နိုင်အောင် ဥပဒေအရ ပြဋ္ဌာန်းပေးထားပြီး ဖြစ်ပါတယ်။ ဒီနေရာ မှာ ကျွန်တော်တင်ပြချင်တဲ့ အချုပ် အချက်ကတော့ တချို့တချို့သော ပုဂ်္ဂိုလ် များသည် တပ်မတော်နဲ့ပတ်သက်ပြီး တပ်မတော်ကို အမျိုးသားအင်အားစု အဖြစ် လက်ခံနိုင်ခြင်း မခံနိုင်ခြင်းနဲ့ ပတ် သက်ပြီး ကျွန်တော် ဝေဖန်သုံးသပ်မပြလို ပါဘူး။ သို့သော် ကျွန်တော်တို့ရဲ့ ဒီနေ့ အထိ ပြုပြင်ပြောင်းလဲရေးမရှိတဲ့ အတည် ဖြစ်နေတဲ့ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ များကော ပူးတွဲပြီးတော့ ဥပဒေပြုနိုင်တဲ့ အာဏာရှိပါတယ်။ အကယ်၍ သဘော ပေါခဲ့ရင်တော့ ဗဟိုအစိုးရရဲ့ အဆုံး အဖြတ်သာ အပြီးအပြတ် အတည်ဖြစ်ပါ တယ်။

No comments :

Post a Comment

Blogger Widgets
Back to Top