Blogger Widgets

Tuesday 14 May 2013

သဘင် ရုပ်ရှင် ဂီတ အနုပညာရှင်များ အမေရိကနိုင်ငံသို့ တစ်လကြာ ဖျော်ဖြေ ရေးထွက်ခွာ

ရုပ်ရှင်၊ ဂီတနှင့် သဘင်က အနု ပညာရှင် များဖြစ်ကြသော ခိုင်သင်းကြည် မန္တလေးသိန်းဇော် စိန်ဝင်းထွန်း
ဖိုးကာ နိုင်ဇော်တို့ ပါဝင်သည့် အနုပညာရှင် ၅ ဦးသည် ရက်ပေါင်း ၄ဝ ကြာမြင့် မည့် အမေရိ ကဖျော် ဖြေ
ရေး ခရီးစဉ် အတွက် မေ ၉ ရက်၊ နံနက် ၁ဝ နာရီ ၃ဝ မိနစ်က တရုတ် လေကြောင်း လိုင်းဖြင့် တိုင်ပေကို ထွက် ခွာသွားခဲ့ပြီး တရုတ် (တိုင်ပေ) မှတစ် ဆင့် အမေရိကသို့ ခရီး ဆက်ကြမည် ဖြစ်သည်။

ရက်ပေါင်း ၄ဝ အမေရိက ခရီးစဉ်မှာ ဖျော်ဖြေပေးရန် လိုက် ပါသွားခဲ့သော အဆိုတော် ဖိုး ကာက ယခင် သွားခဲ့ဖူးသော ပြည်ပဖျော် ဖြေရေး ခရီးစဉ်များနဲ့ မတူညီသည့် ထူးခြားမှုကို …“ဒီပွဲမှာ ထူးခြားတာက ဦး
သိန်း ဇော်ပေါ့။ သူက ကျွန်တော် တို့နဲ့လည်း တစ်ခါမှ မတွဲဖူးဘူးလေ။ ဇာတ်အဖွဲ့ နဲ့လည်း တစ်ခါမှ ကျွန်
တော်တို့ တွဲပြီး မဆိုဖူး ဘူးလေ။ ဒါက ကျွန်တော့် အတွေ့အကြုံ အရ ပထမ ဦးဆုံး အနေ နဲ့ ဇာတ် မင်း
သားတွေ နဲ့ သွားဖြစ် မှာပေါ့။ ရုပ်ရှင်၊ သဘင်၊ ဂီတပေါ့။ အဲဒီ လိုဆိုတော့ ရသ စုံတဲ့ သဘောမျိုးလေး
ဖြစ်နေမှာပါ” ဟု ပြောပြခဲ့သည်။

အမေရိက ဖျော်ဖြေရေး ခရီးစဉ် အတွင်း အဓိက အနေဖြင့် မြန်မာမှု သီချင်း များ ဆိုပြပြီး သဘင်၏ အ
ငွေ့အသက် ကို ပရိသတ်များ ရရှိ ခံစားနိုင်သည် အထိ ဖျော်ဖြေပေး သွားမည်ဟု မန္တလေး သိန်းဇော် ကပြောပြခဲ့သည်။

“ဒါပေမဲ့ နှစ်ပါးသွား ကပြတာ တို့၊ ဇာတ်ထုပ်၊ ဇာတ်ကွက်ခင်းတာ တို့အထိတော့ ပါဝင်နိုင်တော့မှာ မ
ဟုတ်ဘူး။ နှစ်ပေါင်း များစွာ ဒီရေ မြေ၊ ဒီယဉ်ကျေး မှု အနု ပညာတွေ နဲ့ အလှမ်းကွာ နေတဲ့ ပရိသတ်
တွေ အ တွက် မြန် မာမှု အရသာတွေကို ရင်ထဲထိ ရောက်ပြီး နွေးနွေးထွေး ထွေးနဲ့ မြန်မာမှု လေးတွေ
ကို လုပ်ပေး ချင်တယ်” ဟု မန္တလေး သိန်းဇော် က ပြောပြခဲ့သည်။

အမေရိက ခရီးစဉ် ဖျော်ဖြေရေး အတွက် သီချင်း ပုဒ်ရေ ၁၅ ပုဒ် စီစဉ် ပြီး လိုက်ပါ သွားခဲ့သည့် အဆို
တော်ကြီး စိန်ဝင်းထွန်း ကလည်း မြန်မာပြည်မှ စတိတ်ရှိုးပွဲ များတွင် မဆိုဖူးသေးသည့် ဟိုးယခင်က
သီချင်း အဟောင်းများကို အများဆုံး သီဆိုသွားရန် အစီအစဉ် ရှိ သည်ဟု ပြောခဲ့သည်။

“အခုအချိန်အခါကတော့ ဒီလို နိုင်ငံတွေကို သွားခွင့်ရနေပြီ။ အရင် တုန်းကတော့ အဲဒီလို သွားခွင့်မရှိဘူး။ အခုကတော့ တအား ကောင်းသွားပြီ။ လွန်ခဲ့တဲ့ နှစ် ၄ဝ ကတည်းက အဲဒီ မှာ ရှိနေတာတွေ ရှိတယ်။ သူတို့တွေ ကလည်း ကျွန်တော် တို့ရဲ့သီချင်းတွေ ကို သိပ်နားထောင်ချင်နေကြတယ်။ အခု သွားဖို့ အခွင့်
အရေးကြုံတယ်ဆို တော့ ဘယ်လိုပဲပြောပြော အရင် ခေတ်က နဲ့ အခုခေတ်နဲ့ မတူတော့ ဘူး” ဟု သူ၏ ခံစားချက်များကို ဖွင့်ဟပြောပြ သွားခဲ့သည်။

ရုပ်ရှင်၊ သဘင်နှင့် ဂီတအနု ပညာရှင်များ ပါဝင်သော ရက်ပေါင်း ၄ဝ ကြာမြင့်မည့် အမေရိကခရီး စဉ်တွင် ခိုင်သင်းကြည်၊ စိုးမြတ်သူဇာ၊ သဲနုဝါ၊ နီနီဝင်းရွှေ၊ မန္တလေးသိန်း ဇော်၊ ဖိုးကာ၊ စိန်ဝင်းထွန်း တို့က သီ ဆို
ဖျော်ဖြေပေးသွားမည်ဟု သိရပြီး အမေရိကမှာ ရှိသည့် မြန်မာ ဘုန်းကြီးကျောင်း တစ်ကျောင်း၏ ရန်ပုံငွေ ရရှိရေး အတွက်လည်း ဖျော်ဖြေ ပေးရန် ရှိနေသေးကြောင်း သိရသည်။ အဆိုပါ အမေရိ က ဖျော်ဖြေ ရေး အတွက် ထွက်ခွာသွား ခဲ့ကြသော အနုပညာရှင် များသည် ဇွန်၁၅ရက်နေ့ ၌ ပြန်လည်ရောက် ရှိလာမည်
ဖြစ်သည်ဟု သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top