Blogger Widgets

Saturday, 4 May 2013

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ကျောင်းသူသေဆုံးမှုနှင့် ပတ်သက်သည့်ဆေးစာ လာမည့်အပတ် ထွက်မည်

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတစ်ဦး အင်းစိန် အနောက်ရွာမချောင်းအတွင်း သေဆုံး လျက်တွေ့ရှိရမှုအပေါ် စစ်ဆေးနေဆဲဖြစ်ပြီး လာမည့်အပတ်တွင် ထွက်ရှိလာမည့် ဆေးစာစစ်ချက် အပေါ် မူတည်၍ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အင်းစိန်မြို့နယ် ရဲစခန်းမှ သိရသည်။
''ဒီကောင်မလေး သေဆုံးမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်း စစ်ဆေးနေပါတယ်။ ရဲဆေးစာက မထွက်သေးပါဘူး။ လာမယ့်တစ်ပတ်တွင်း ထွက်ပါ့မယ်။ ထွက်ပေါ်လာတဲ့ ဆေးစစ်ချက်အပေါ် မူတည်ပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမှာပါ'' ဟု အင်းစိန်မြို့နယ် ရဲစခန်း စခန်းမှူး ရဲအုပ်တင်ဌေးနိုင်က ပြောသည်။
အဆိုပါ သေဆုံးလျက် တွေ့ရှိရသည့် ကျောင်းသူမှာ ဧပြီ ၁၉ ရက်က သူငယ်ချင်းမွေးနေ့ ရှိသည်ဟုဆိုကာ ကျောင်းတက်စဉ် ခေတ္တနေထိုင်သည့် မရမ်းကုန်းမြို့နယ်ရှိ အဒေါ်ဖြစ်သူ နေအိမ်မှ ထွက်သွားခဲ့သည်။
ယင်းနောက် ချစ်သူဖြစ်သူနှင့် လည်ပတ်ခဲ့ပြီးနောက် ယင်းနေ့ ည ၈ နာရီခွဲ ခန့်က စော်ဘွားကြီးကုန်း ကားဂိတ်မှ မိဘနေအိမ်ဖြစ်သည့် မှော်ဘီမြို့နယ် ၀ါးနက်ချောင်း ကျေးရွာအုပ်စု၊ ရေတာရှည်ကျေးရွာသို့ ပြန်လာရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး မိဘများက လူပျောက်တိုင်ကြားခဲ့ကြောင်း၊ အဆိုပါ လူပျောက်တိုင်ကြား ခံထားရသည့် ကျောင်းသူကို ဧပြီ ၂၀ ရက်က အင်းစိန်မြို့နယ် အနောက်ရွာမချောင်း အတွင်း သက်ဆိုင်ရာမှ သေဆုံးလျက် တွေ့ရှိခဲ့ရသည်ဟု သိရပြီး မိဘဖြစ်သူများကမူ ဧပြီ ၂၃ ရက်ရောက်မှ သိရခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မိခင်က ပြောသည်

No comments :

Post a Comment

Blogger Widgets
Back to Top