ကျွန်မတို့မြောက်ဒဂုံက
လူနေအိမ်သိပ်မထူထပ်ဘူးကျွန်မတို့ရပ်ကွက်ဆိုပိုလို့တောင်တိတ်ဆိတ်
တယ်…ကျွန်မတို့အိမ်က ကားလမ်းမနဲ့
ကျောချင်ကပ်ရပ်လမ်းလေးမှာပေါ့နော်…ကျွန်မတို့မှတ်တိုင် က
အခြောက်အလှန့်ကြမ်းတယ်လို့နာမည်ဆိုးထွက်ခဲ့၇တယ့် အကြောင်းအရင်းကတော့
ဒီလိုပါ…
မိုးတွေအရမ်းရွာတယ့်တနေ့ပေါ့…(၇) တန်းကျောင်းသားလေးတယောက် ကျောင်းက ပြန်အလာ ကားလမ်းအကူး.. နောက်ကားက ၀င်တိုက်လို့ပွဲချင်းပြီးဆုံးတာက စတော့တာပါပဲ..ကလေးလေးက မကျွတ်ဘူး…ညဘက်ဆိုရင်လေ .. ကားမှတ်တိုင်ကနေ အူလိုက်တယ့်ခွေးတွေဟာ..သူတို့ အိမ်ရောက် တယ့်အထိပဲ…လူသိရှင်ကြားတော့သိပ်မဖြစ်သေးဘူးပေါ့…လူသိရှင်ကြားဖြစ်သွားတယ့်တနေ့ကတော့.. ဥက္ကဌကြီးက ညဘက် ကင်းအလှည့်ပေါ့…ရန်ပွဲတခုကြောင့် ရဲစခန်းကိုသွားအကြောင်းကြားတာ..ကား မှတ်တိုင်ကိုဖြတ်သွားရတယ်လေ..ရဲစခန်းက အတော်လေးလှမ်းတော့ ဥက္ကဌက စက်ဘီးလေးနဲ့သွား ရတယ်ပေါ့…ပထမပိုင်းနင်းရတာ အကောင်းသား…မှတ်တိုင်ကျော်လဲကျော်ရော…စက်ဘီးက လေးလာ လိုက်တာ…မသင်္ကာံလို့ နောက်ပြန်ကြည့်ရော…ဘေးတစောင်းလေးထိုင်လိုက်လာတာတယ့်…အဲဒီအ ဖြစ်မတိုင်ခင်က ကိစ္စတွေရှိသေးတာပေါ့..အဲဒီ့တုန်းက ညဘက်ဆို မီးတွေက ပျက်တယ်လေ.. ကောင် လေးတယောက် သူ့အမကို ကားမှတ်တိုင်မှာ ထွက်စောင့်တာ..ဘေးကနေလက်လာဆွဲလို့..အ ကြောက်လွန်ပြီးဖျားပါလေရော….အဲလိုဖြစ်ပြီးသိပ်မကြာဘူး..ကားမှတ်တိုင်နဲ့မလှမ်းမကမ်းနားမှာ ရှိတယ့် ကွမ်းယာဆိုင်က ကရင်အဖိုးကြီးတယောက် သေတ္တာကို ဆေးသုတ်ရင်း ဆေးမွန်းပြီး ဦးနှောက်သွေးကြောပြတ်သေပါလေရော…သေတာက ကွမ်းယာဆိုင်မှာ..သူကလဲ မကျွတ်ဘူး.. ညဘက် ကင်းလှည့်တယ့်လူတွေရှိရင် လိုက်ခြောက်တယ်..ညဘက် ကားတွေကို ထွက်ထွက်တား တယ်..ဒါနဲ့ ကမ္မ၀ါတွေဘာတွေညှပ်လိုက်ရတာပေါ့…ငြိမ်သွားတယ် .. ဒီကိစ္စက…
အဲဒါ ဖြစ်ပြီးတနှစ်လောက်ကြာ..နောက်ကိစ္စတခုထပ်ပေါ်လာတယ်…
ဖြစ်တာက ကျွန်မတို့ခေါင်းရင်းအိမ်ပေါ့…ခေါင်းရင်းအိမ်က လူဌားထားတာလေ…ဒီတခါလာဌားတာက ကျူရှင်ဆရာ..ဆရာက မူဆလင်… ကျူ၇ှင်က ညပိုင်းညအိပ်ပါခေါ်တယ်..ယောက်ျားလေးတွေကိုပေါ့.. အစပိုင်းက အဆင်ပြေတယ်..နောက်ပိုင်း အိမ်နားမှာ လူကြိးတယောက် အရက်သောက်တာ အန်ဖတ် စို့သေတာက စတာပဲ..အဲဒီ့လူကြီးက မကျွတ်ပဲ..ကျွန်မတို့ ခေါင်းရင်းအိမ်ကို လာခေါက်လို့ ညဘက် အိပ်နေတယ့် ကျောင်းသားလေးတွေက ထဖွင့်ကြည့်တော့မက်တပ်ကြီးတယ့် ကလေးတွေခမျာ ကြောက်လိုက်ကြတာ..ဒါလဲ ကျွန်မတို့ သတိမထားမိသေးဘူး..ကလေးတွေ အတော်ဆော့တယ်ပေါ့.. ညဘက်အိပ်ရင် စောင်တွေလိုက်စွဲတယ်…မြေဖြူတွေနဲ့ပစ်တယ်… ဆရာက ဘုရားစင်မထားတော့ ကလေးတွေက ဘုရားပုံလေးတွေကို သူတို့အိပ်တယ့် ခေါင်းရင်းမှာထားထားတယ် .. ဒါလဲ မရဘူး.. ကျွန်မတို့ ဘေးပတ်ဝန်းကျင်တွေ သိလိုက်ရတယ့် တနေ့ကတော့ … ညနေပိုင်း ဆရာက ကျွန်မ ဘကြီးကို ခေါ်တယ်…အဲဒီ့အချိန်က ဘကြီးက ရ၀တ အဖွဲ့ဝင်လေ…သူ့အိမ်နောက်ဘေးမှာစာ ရေးသွားတယ်တဲ့…ရေးသွားတယ့် စာက … ငါဒီမှာ အမြဲရှိနေတယ်….ဆရာက ဒါကိုတွေ့လို့ ပြန်ဖျက်တယ်..မရဘူး..ခဏနေတော့ထပ်ရေးထားတာတွေ့ရတယ်တဲ့…အဲဒါနဲ့ ဆရာက မယုံလို့ မင်းတို့ တကယ်ရှိတာမှန်ရင် ငါ့ကိုလမ်းလျှောက်ပြလို့ပြောတော့ အိမ်ခေါင်းမိုးပေါ်မှာ ခြေသံပေး ပြီးလမ်းလျှောက်ပြတယ်တဲ့…အဲဒီ့ကနေစပြီးလူတော်တော်များများသိတော့တာပေါ့နော်…ဒါနဲ့ ဆက်စပ် မိတဲ့ အရင်အိမ်ဌားတွေကို ပြန်မေးကြည့်တော့.. ရှိတယ်လို့ပြောကြတယ်..အရင်က အဲဒီ့အိမ်မှာ မော်တော်ပီကယ်တယောက်နဲ့သူ့မိန်းမနေဘူးတယ်…အကိုကြီးက မော်တော်ပီကယ်ဆိုတော့ ညဘက်တွေလဲ အလုပ်လုပ်ရတယ့်အခါရှိတယ်..တနေ့ သူ့မိန်းမတယောက်တည်းရှိချိန်..နေ၀င်ရီရော အမကြီးက အိမ်ချင်တာနဲ့ အခန်းထဲမှာ အိမ်နေတာ..မိန်းမတယောက် ပြတင်းပေါက်မှာ ဆံပင်ဖားလျားချပြီး လာရပ်နေတာမြင်လိုက်ရတယ့် .. အဲဒီ့နောက်က စပြီးအဲဒီ့အမ ကြီး သူ့အမေအိမ် ကိုပဲသွားနေတော့တယ်…အိမ်လခတွေလဲ အဆုံးခံလိုက်တယ်တယ့်..နောက်တဦးက အညာသူအဘွား ကြီး တွေ..အဘွားကြီးက မိသားစုများတယ်..သားတွေမြေးတွေ တရုန်းရုန်းနဲ့ပေါ့…အဘွားကြီးရယ့် သားတယောက်က တက္ကစီမောင်းတယ်..ညဘက်အပြန်မိုးချုပ်တာပေါ့နော်…တရက် သူအပြန်လာ.. ရှက်ကီလေးက ပင့်လာတော့ ထွေနေတာနော်..ခြံဝလဲရောက်ရော နောက်ကနေမိန်းမတယောက်က ဂုတ်လှမ်းဆွဲလို့..အဲဒီနောက်မှာ အဘွားကြီးရယ့်မြေးလေး အသည်းအသန်နေမကောင်းဖြစ်သေးတယ်.. ခလေးက အခန်းထဲမှာပလပ်ကလေးနေတုန်း ထုတ်တန်းမှာ မိန်းမကြီးတယောက် ဆံပင်ဖျားလျားချပြီး စောင့်ကျောင့်ထိုင်နေလို့ .. အဲဒီ့နောက်ပိုင်းသူတို့လဲ ပြောင်းပြေးတာပါပဲ…အခု ကျူရှင်ဆရာလက်ထပ် တော့ တော်တော်ဆိုးလာတယ်ပြောရမယ်…ညဘက် ရ၀တ အဖွဲ့ဝင်တွေက စစ်ဆေးဖွဲ့ဝင်တာ မြေဖြူတွေနဲ့ပေါက်တယ်…ခဲတွေနဲ့ပေါက်တယ်..ကျွန်မတို့ကလဲ လူတွေဘာတွေများလုပ်လားဆိုပြီး ဘေးက ချောင်းကြည့်တယ်..ဘယ်သူမှ အိမ်နားမှာမရှီဘူး…နောက်တရက်လဲကျရော..လူကြီးတွေက ထိုင်ခုံတခုမှ ၀ိုင်းထိုင်ကျတယ်..ခလယ်မှာရေဘူးလေးချထားတယ်နော်..အဲဒါကို ယူပြီး ဘေးကိုပြစ် ချတယ်..တွေ့တယ့်လူက တွေ့တယ့်..မိန်းမတယောက်ရယ့်လက်တယ့်…အဲဒီ့အိမ်ကို ရ၀တကနေ သော့ပိတ်ထားလိုက်တယ်..မနက်ဆိုလာစစ်ဆေးတယ်ပေါ့နော်.. အဲဒါတောင်ကျွန်မတို့အိမ်ကနေ ည ဘက်ဆို ခုံတွန်းရွှေ့သံတွေကြားနေရတယ်… ပြောသံကြားတာကတော့ သူတို့က မိသားစုလိုက် နေတာလို့ပြောကြတယ်…အဲဒီ့က ဆရာက ညဘက်ဆိုစာသင်တယ်..မနက်စောစောဆို သူ့အိမ်ကို ထပြန်လေ့ရှိတယ်…တနေ့ဆရာအပြန် ခြံတံခါးဖွင့်တုန်း ကလေးလေး ၂ ယောက် ရေစိုလေးတွေနဲ့ အိမ်ထဲကိုဝင်သွားတာ..ဆရာ့မျက်စိရှေ့တင် .. ဆရာလဲ ကြောက်တာနဲ့ အိမ်ကို တချိုးတည်းလစ်တာ.. နေ့ခင်းဘက် စာလာသင်တယ့် ကလေးတွေစောရင် အိမ်ထဲဝင်မထိုင်ရဲဘူး..အပြင်မှာ နေကျတယ်.. အထဲမှာ ခြေသံတွေကြားနေရလို့တယ့်…အဲဒါနဲ့ အိမ်ရှင်ကို ရ၀တက အကြောင်းကြားပြီး ပရိတ်နာပေးရတယ်..အဲ ထူးခြားတာက ပရိတ်နာပေးပြီး ညဘက် ရ၀တ အဖွဲ့ဝင်တွေ အိမ်ထဲဝင်တော့ ခြံဝင်မှာ တင်အမွှေးနံ့ရလိုက်တာပါပဲ…အခုတော့ သူတို့လဲ ကောင်းရာသုဂတိရောက်နေကျလောက်ပါ ပြီ..အဲဒီ့ကတည်းက ငြိမ်သွားလိုက်တာ..အခုထိဘာအသံကိုမှ မကြားရတော့တာပါပဲ…

No comments :
Post a Comment