မိမိကိုယ်ကိုယ်မိမိ ဒေါက်တာဆိတ်ဖွားပါလို့ တရားဝင် လာရောက်ဝန်ခံသူ
မရှိပေမယ့် သူအယ်ဒီတာ ချုပ် လုပ် တဲ့ ဂျာနယ်မှာ ဒေါက်တာဆိတ်ဖွား
ကလောင်အမည်နဲ့ ဆောင်းပါး ဖော်ပြခဲ့သူ၊ ဂျာနယ်ပါ ဒေါက်တာ ဆိတ် ဖွား ဆိုသူရဲ့
ဆောင်းပါးကို တာဝန်ယူပါတယ်လို့ ပြောဆိုသူကို ဒေါက်တာ ဆိတ်ဖွားအဖြစ်
လွှတ်တော် စုံစမ်းရေးကော်မရှင်က သုံးသပ်ထားကြောင်းေ က်ာမရှင်အဖွဲ့ဝင်
အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ဒီဗွီဘီကို ပြောပါတယ်။
ကော်မရှင်ဟာ ဒေါက်တာဆိတ်ဖွားရေးတဲ့ စာတွေနဲ့ အဲဒီအယ်ဒီတာချုပ်ေ ရးတဲ့
အရေးအသား၊ ရေးဟန်၊ မြန်မာ စကားလုံး အသုံးပြုပုံ စတာတွေကို
နှိုင်းယှဉ်စစ်ဆေးကြည့်ရှုပြီး ခုလို ကောက်ချက်ချလိုက်တာလို့ သူ က
ရှင်းပြပါတယ်။
ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ သူအနေနဲ့ Smart News ဂျာနယ်ကို
အယ်ဒီတာချုပ်အဖြစ် လုပ် ကိုင်စဉ် အင်တာနက်မှာ ဖော်ပြထားတဲ့ မည်သူကိုမှ
ထိခိုက်နစ်နာစေခြင်း မရှိတဲ့ ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်း ပါး ၁ ပုဒ်ကို
ဖော်ပြခဲ့ဖူးတာ မှန်ကြောင်း၊ ဒါပေမယ့် ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာကိုတော့
မသိကြောင်း၊ သူဖော်ပြခဲ့တဲ့ ဆောင်းပါးနဲ့ ပတ်သက်တာတွေကိုတော့
သူတာဝန်ယူကြောင်း ဒီဗွီဘီကို ရှင်းပြခဲ့ ဖူးပါတယ်။

No comments :
Post a Comment