Blogger Widgets

Tuesday 21 May 2013

ဒုတိယသီချင်းအခွေ အတွက် သီချင်းတွေ စုနေပြီ

စိုးပြည့်သဇင်က သရုပ်ဆောင်တဲ့ဘက်မှာ ပရိသတ်တွေရဲ့ အားပေး မှုရရှိ ခဲ့သလို တေးသံရှင်တစ်ယောက်အနေနဲ့ သီချင်းသီဆိုတဲ့အခါမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကိုခံရသူတစ်ဦးလည်းဖြစ်ပါတယ်။ ငယ်စဉ် ကတည်းက အဆိုပိုင်းကိုဝါသနာပါခဲ့တာဖြစ်ကြောင်းကို စိုးပြည့်သဇင်က “ငယ်ငယ်ကတည်းက ဖေဖေကဂစ်တာတီးရင်စိုးပြည့်ကသီချင်းဆိုတယ်။ စကား မပီကလာပီကလာနဲ့ လိုက်လိုက်ဆိုတယ်။ အဲဒီထဲက စိုးပြည့်မိ ဘတွေက စိုးပြည့်ဒါကို ဝါသနာပါမှန်းသိတယ်။ စိုးပြည့်ကို သရုပ်ဆောင်ဖြစ်မယ်လို့လည်းမထင်ဘူး။ တအားကြောက်တတ်တယ်။ တအားရှက်တတ် တဲ့အခါကျတော့ မင်းသမီးဖြစ်မယ်လို့ မထင်ဘူး။ အနုပညာစလုပ်တော့လည်း အဆိုပိုင်း ကို စလုပ်ခဲ့တာပဲ။ တကယ်တမ်းကျတော့ သရုပ်ဆောင် ဘက်ကိုလည်း စိုးပြည့် တအားရူးသွပ်ခဲ့တယ်။
သရုပ်ဆောင်ဘက်ကို လုပ်ဖြစ် သွားပြီးတော့ အဆိုဘက်ကိုတော့ မလုပ်ဖြစ်ခဲ့ဘူး။ အခုမှ ပထမဆုံး တစ်ကိုယ်တော်အခွေ ထွက်ဖြစ်သွားတာ။ နောက်ထပ်လည်း အခွေ တွေထွက်ဖို့ရှိပါတယ်သေးတယ်” လို့ ပြောပါတယ်။ ငယ်စဉ်က ဆို၊က၊ ရေး၊ တီးပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး မဟာဂီတနဲ့ပဲခူးတိုင်း မှာဒုတိယဆုရရှိခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်။ “တကယ် တမ်းကျတော့ စိုးပြည့်အ သံကခေတ်ပေါ်နဲ့ ပိုပြီး လိုက်ဖက်တာပါ။ မြန်မာသံကျတော့ မြန်မာသံ သက်သက်ရှိတယ်လေ။ ဒါပေမဲ့စိုးပြည့်က ငယ် ငယ်ကတည်းက တအား ဝါသနာပါတော့ ဆို၊ က၊ရေး၊တီးကိုလည်း ၇တန်း၊၈တန်း လောက် က ၂နှစ်လောက်ပြိုင်ခဲ့ဖူးတယ်။ စိုးပြည့် ငယ် ငယ်တုန်းက ကျောင်းစုံညီပွဲေ တာ် တွေမှာ လည်း သီချင်းမဆိုရဘူးဆိုရင် ဂျီကျတာပဲ” လို့ ပြောပါတယ်။ အဆိုပိုင်းကိုလည်း ဆက်ပြီးကြိုးစားသွားမှာဖြစ်သလို သရုပ်ဆောင်နဲ့ အဆိုဘက်ကိုမျှပြီး လုပ်သွား မှာဖြစ်ကြောင်း၊ ဒုတိယ အခွေအတွက်လည်း သီချင်း တွေ စုနေပြီဖြစ်ကြောင်း စိုး ပြည့်သဇင်ကပြောပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top