မက်ဆာချူးဆက်ပြည်နယ်
နော်သမ်တန်မြို့၌ နေထိုင်သော အေပရယ်ဘရစ်အမည်ရှိ အမျိုးသမီးသည် ထူးခြားသည့်
ငှက်သံတစ်သံကိုကြား၍ သူ၏နောက်ဖေး မြေကွက်လပ်သို့ ထွက်ကာ စူးစမ်းကြည့်သည်။
ထိုအခါ ဦးခေါင်းနှစ်လုံးနှင့် နှုတ်သီးသုံးခုပါဝင်သော ငှက်ငယ်တစ်ကောင်ကို
အံ့သြဖွယ်တွေ့ရှိရသည်။ သူသည် ယခုနေအိမ်၌ နေထိုင်လာသည်မှာ၂၆
နှစ်ရှိပြီဖြစ်သော်လည်း ယင်းကဲ့သို့သောငှက်မျိုး တစ်ခါမျှ မမြင်ဖူးဘူးဟု
ဆိုသည်။ သူသည် ငှက်ငယ်ကို ဓာတ်ပုံရိုက်ကူးပြီး သူ့အတိုင်းထားခဲ့သော်လည်း
နာရီအနည်းငယ်ကြာ၍ ယင်းနေရာသို့ပြန်ကြည့်သောအခါ ငှက်ငယ်သည် မြေပြင်ပေါ်၌
လဲလျောင်းနေသည်ကို တွေ့မြင်ရသည်။ ကြောင်များ ခုတ်သွားမည်စိုးသောကြောင့်
သူသည် ငှက်ငယ်အား ကောက်ယူကာ သစ်ကိုင်းမြင့်တစ်ခုပေါ်၌ တင်ပေးခဲ့သည်။
နောက်တစ်နေ့အရပ်၌ ငှက်ငယ်သည် ယင်းနေရာမှ ပျောက်ကွယ်သွားသည်ကို
တွေ့ရှိရသည်ဟုဆိုသည်။ ငှက်များကာကွယ်ရေး အဖွဲ့မှ ပညာရှင်များက
ယင်းကဲ့သို့သော ငှက်မျိုးမှာ အသက်ရှင်နိုင်ခြေ အလွန်နည်းပါးသည် ဟုဆိုသည်။

No comments :
Post a Comment