ဗြိတိန်နိုင်ငံ Woolwich တွင် မနေ့ကဖြစ်ပွားခဲ့သော လမ်းလယ်၌
စစ်သားအား ခေါင်းဖြတ်သတ်နေသည်ကို အနီးအနားရှိသူတွေက
ယင်းကြောက်မက်ဖွယ်မြင်ကွင်းအား ကြောင်ကြည့်နေခဲ့ပြီး
ဓါတ်ပုံရိုက်တဲ့သူရိုက်နဲ့ အနီးရှိရဲတောင်မှ
လက်နက်ကိုင်သည့်ရဲတွေအလာ စောင့်နေချိန်တွင် အာဂသတ္တိခဲ သားအမိနှစ်ယောက်က
၎င်းတို့၏အသက်ကိုပင် မငဲ့ဘဲ အသတ်ခံရသည့် ဗြိတိန်စစ်သား၏အနားသို့ သွားရောက်
အားပေးစကားပြောခဲ့ကြောင်း သိရသည်။
ထိုသားအမိနှစ်ဦးမှာ အသက်(၂၀)အရွယ် Gemini Donnelly-Martin ဆိုသူနှင့် သူမ၏မိခင် Amanda ဖြစ်ကြောင်း သိရသည်။
Amanda က လူသတ်သမားများကို ဖြောင်းဖျ၍ သေဆုံးသူ Drummer Lee Rigby
အနားတွင် ထိုင်၍ သေဆုံးသူအတွက် ဆုတောင်းခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း
သိရသည်။

No comments :
Post a Comment