Pages

Friday, 2 October 2015

ချင်းပြည်နယ်နှင့် ဧရာဝတီဒေသမှ ရေဘေးသင့် ပြည်သူများ၏ ပြန်လည်ထူထောင်ရေးတွင် လှူဒါန်းရန် အနုပညာ ဖျော်ဖြေပွဲ ပြုလုပ်မည်

ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်ပေါင်းများစွာ ပူးပေါင်းပါဝင် တင်ဆက်ပြီး ရရှိလာတဲ့ ငွေကြေးတွေကို ရေဘေးဒဏ်သင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းမယ့် အနုပညာ ဖျော်ဖြေပွဲ တစ်ခုကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ကျင်းပသွားဖို့ ရှိပါတယ်။ အခုအချိန်မှာ ရေဘေးသင့် ပြည်သူတွေကို ကယ်ဆယ်ရေး လုပ်ဆောင်ကြရာမှာ အနည်းငယ် သွေးအေးနေကြပြီဖြစ်ပြီး အခုအချိန်အထိ ပြန်လည်ထူထောင်ရမယ့် လုပ်ငန်းတွေ ရှိနေသေးတာကြောင့် အခုလိုဖျော်ဖြေပွဲ ပြုလုပ်လှူဒါန်းတာ ဖြစ်တယ်လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

Image result for ခိုင်နှင်းဝေ

No comments:

Post a Comment