Pages

Friday, 2 October 2015

တရားခံကို ဖမ်းဆီးရာတွင် အထင်သေးခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များ ပြန်တိုက်ခိုက်ခံရခြင်းဖြစ်ဟု ရဲမှူးကြီးဝင်းဗိုလ်ပြော

တရားခံကို ဖမ်းဆီးရာမှာ ပြန်လည်မခုခံနိုင်ဘူးလို့ အထင်သေးတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည် တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ပြောကြားလိုက်ပါတယ်။ တရားခံပြေးတွေကို ဖမ်းဆီးရာမှာ လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးထားပေမယ့်လည်း တရားခံ ထိခိုက်ဒဏ်ရာ ရမှာကို မလိုလားတာ၊ မိမိအသုံးပြုတဲ့ လက်နက်ကို ကျွမ်းကျင်မှု အားနည်းတာ၊ တရားခံ ထိခိုက်ဒဏ်ရာရပါက ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်ကို ပြန်လည် အရေးယူမခံ လိုတာတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ရဲမှူးကြီးဝင်းဗိုလ်က ပြောခဲ့ပါတယ်။

Image result for ရဲတပ်ဖွဲ့မှူးရုံး

No comments:

Post a Comment