မင်းသား In Kyo Jin နဲ့ မင်းသမီး Yi Hyun တို့နှစ်ဦးဟာ သူတို့ရဲ့ ချစ်မှုရေးရာကို
ပရိသတ်တွေ
သိရှိရအောင် ဖွင့်ဟလိုက်ပါပြီ။ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်း သက်တမ်းဟာ
၁ဝ နှစ်တာ ရှိခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ကာလကြာမြင့်စွာ သူငယ်ချင်း အဖြစ်
ခင်မင်လာရာကနေ အစပြုပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။
မင်းသမီး Yi Hyun ဟာ လွန်ခဲ့တဲ့လက
အဆိုတော်၊ မင်းသား Kim Hyun Jun နဲ့ ချစ်သူတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ
ထွက်ပေါ်ခဲ့တာကို မဟုတ်မှန်ကြောင်း အတိအလင်း ငြင်းဆိုခဲ့ ပါသေးတယ်။ အခုတော့
မင်းသမီး Yi Hyun က သူ့ရဲ့ချစ်သူ အစစ်အမှန်ဟာ ဘယ်သူဆိုတာကို အတိအလင်း
ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ အနုပညာရှင်ချစ်သူ နှစ်ဦးရဲ့ အေဂျင်စီကတော့
သူတို့နှစ်ဦးရဲ့ အနာဂတ် ချစ်ခရီးလမ်းလှပဖို့ ဆုမွန်ကောင်း
တောင်းပေးကြပါတယ်။ ပရိသတ်တွေကလည်း အလွန်လိုက်ဖက်တဲ့ စုံတွဲအဖြစ်
အသိအမှတ်ပြု ပေးထားပါတယ်။ မင်းသား In Kyo Jin နဲ့ မင်းသမီး So Yi Hyun တို့
နှစ်ဦးရဲ့ မင်္ဂလာပွဲကိုလာမယ့် အောက်တိုဘာ ၄ ရက်မှာ ကျင်းပ ဖြစ်မယ်လို့
သိရပါတယ်။
No comments:
Post a Comment