အသက် ၃၁နှစ်ရှိ Amanda Kathleen McGee အမည်ရှိ အမျိုးသမီးတစ်ဦးဟာ အသက်
၁၈နှစ်အရွယ် အမျိုးသမီးငယ်လေးကို သူမနေထိုင်ရာ ဈေးပေါတဲ့ အခန်းမှာ
အတူနေထိုင်စေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူမဟာ အမျိုးသမီးငယ်ကို စိတ်ကြွဆေးခတ်ထားတဲ့ အရက်
တိုက်ခဲ့ပြီး ထို အမျိုးသမီးငယ် အသိစိတ်ပျောက်သွားတဲ့အခါမှာတော့
ကာမစိတ်နှိုးကြွစေတဲ့ ဓါတ်ပုံများ ရိုက်ယူခဲ့ပါတယ်။ နောက်ရက်များမှာတော့
အမျိုးသမီးငယ်ကို အဆိုပါ ဓါတ်ပုံများပြပြီး လိင်အလုပ်သမ အလုပ်ကို
လုပ်ကိုင်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။
CBC သတင်းစာအရ ၁၈နှစ်အရွယ် အမျိုးသမီးငယ်ဟာ ၂၀၁၃ခုနှစ်မှာ Calgary ကို
အလုပ်ရှာဖို့ ရောက်ရှိလာခဲ့ပြီး နေဖို့နေရာ ရှာနေစဉ်မှာပဲ McGee
နဲ့တွေ့ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အမျိုးသမီးငယ် Calgary ကို ထွက်ခွာသွားပြီး ဇန်န၀ါရီလမှာ
မိန်းကလေးရဲ့ မိဘများက ရဲတွေကို မိန်းကလေးငယ်အား ရှာဖွေစုံစမ်းပေးဖို့
အကြောင်းကြားခဲ့ပါတယ်။
ဒါကြောင့် ရဲများက လိုက်လံစုံစမ်း ရှာဖွေရင်း ဘတ်စ်ကားဂိတ် တစ်ခုမှာ
အိမ်ပြန်ဖို့ လုပ်နေတဲ့ သူမကို တွေ့ရှိခဲ့ပါတယ်။ သူမကို
ပြည့်တန်ဆာလုပ်ကိုင်ဖို့ သူမရဲ့ အခန်းဖော် McGee ကအတင်းအကျပ်
ဖိအားပေးနေတဲ့ အတွက်ကြောင့် ယခုလို ရှောင်ထွက်လာခြင်း ဖြစ်တယ်လို့
ရဲအရာရှိတွေကို ပြောကြားခဲ့ပါတယ်။
ရဲတွေက McGee ဟာ သူနဲ့အတူ ပြည့်တန်ဆာ အလုပ် မလုပ်ခဲ့လျှင်
အမျိုးသမီးငယ်ရဲ့ ဓါတ်ပုံတွေကို သူမရဲ့ မိသားစုနဲ့ မိတ်ဆွေ
သူငယ်ချင်းတွေကို ပြသလိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ပြောပါတယ်။
No comments:
Post a Comment