Pages

Thursday, 17 April 2014

ရထားရှေ့သို့ ပလက်ဖောင်းပေါ်မှ ခုန်ချ၍ သေကြောင်းကြံသူ

ဧပြီလ(၁၆)ရက်နေ့ မနက်(၇)နာရီ (၃၀)မိနစ်အချိန်က ကမာရွတ်မြို့နယ်၊ လှည်းတန်းဘူတာတွင် အသက်(၅၁)နှစ်အရွယ် ဦးခင်မောင်လင်း သည် ရထားရှေ့သို့ ပလက်ဖောင်းပေါ်မှ ခုန်ချ၍ သေကြောင်းကြံခဲ့ကြောင်း သိရသည်။
စက်ခေါင်းအမှတ် DF-1221.63 ရန်ကုန်-ပြည် အဆန် စာပို့ရထားမှာ လှည်းတန်းဘူတာမှ မောင်းနှင်ထွက်ခွာစဉ် ဦးခင်မောင်လင်းက ဘူတာပလက်ဖောင်းပေါ်မှ ရထားရှေ့သို့ခုန်ချခဲ့သဖြင့် ရထားကြိတ်မိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment