ဧပြီလ(၁၆)ရက်နေ့ မနက်(၇)နာရီ (၃၀)မိနစ်အချိန်က ကမာရွတ်မြို့နယ်၊
လှည်းတန်းဘူတာတွင် အသက်(၅၁)နှစ်အရွယ် ဦးခင်မောင်လင်း သည် ရထားရှေ့သို့
ပလက်ဖောင်းပေါ်မှ ခုန်ချ၍ သေကြောင်းကြံခဲ့ကြောင်း သိရသည်။
စက်ခေါင်းအမှတ် DF-1221.63 ရန်ကုန်-ပြည် အဆန် စာပို့ရထားမှာ
လှည်းတန်းဘူတာမှ မောင်းနှင်ထွက်ခွာစဉ် ဦးခင်မောင်လင်းက
ဘူတာပလက်ဖောင်းပေါ်မှ ရထားရှေ့သို့ ခုန်ချခဲ့သဖြင့် ရထားကြိတ်မိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments :
Post a Comment