DVB News, 25November 2013 —- မကြာမီ ကျင်းပတော့မယ့်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေမှာ
အသုံးပြုဖို့အတွက် တပ်မတော်မိသားစုနဲ့ စစ်တပ်ပိုင်
စီးပွားရေးလုပ်ငန်းတွေက အလှူငွေ ကျပ် သိန်း ၂၆၀၀ ကို
အခန်းအနားနဲ့ ပေးအပ်ခဲ့တယ်လို့ ဒီနေ့ထုတ် စစ်တပ်ပိုင်
မြ၀တီသတင်းစာက ဖော်ပြပါတယ်။
အဲဒီငွေတွေထဲမှာ တပ်မိသားစုတွေက အလှူငွေ ကျပ် သိန်း ၁
ထောင်၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ငွေကျပ် သိန်း
၃၀၀၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ငွေကျပ် သိန်း ၉၀၀
ကျော်နဲ့ အမေရိကန် ဒေါ်လာ ၄ သောင်းကျော် စုစုပေါင်း ကျပ်
သိန်း ၁၃၀၀ ကျော် ပါဝင်ပြီး ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက
လက်ခံရယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့
စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းဟာ ဘီယာနဲ့ စီးကရက်
ထုတ်လုပ်ရေးလုပ်ငန်း အပါအ၀င် လုပ်ငန်းပေါင်းမြောက်များစွာ
လုပ်ကိုင်နေတဲ့ စီးပွားရေး အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

No comments :
Post a Comment