Blogger Widgets

Thursday, 4 July 2013

တရုတ်၊ ပြင်သစ်၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့မှ မြန်မာနိုင်ငံတွင် ဆန်နှင့်စိုက်ပျိုးရေး လုပ်ငန်းများ အပါအ၀င် CMP စနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများတွင် မြှုပ်နှံလုပ်ကိုင်မည်

တရုတ်၊ ဟောင်ကောင်၊ ပြင်သစ်၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့မှ မြန်မာနိုင်ငံတွင် ဆန်နှင့်အခြားစိုက်ပျိုးရေး လုပ်ငန်းများ အပါအ၀င် လက်ခစား (CMP) စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း၊ ကုန်ပစ္စည်း ထုတ်လုပ်ခြင်းများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လာရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်ကုမ္ပဏီများဖြစ်သည့် Jiangsu Solamoda Garments Group Co.,Ltd နှင့် Dong Fang Star Garment Factory Ltd တို့ အနေဖြင့် လှိုင်သာယာ မြို့နယ်ရှိ ရွှေသံလွင် စက်မှုဇုန်နှင့် လှိုင်သာယာစက်မှုဇုန် ၁ တို့တွင် CMP စနစ်ဖြင့် အထည်ချုပ်လုပ်သည့် လုပ်ငန်းများကို လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြင်သစ်ကုမ္ပဏီ တစ်ခုဖြစ်သည့် Societe Industrielle Agricole Et Commercial D' Outre Mer (SIACOM) မှ မြန်မာကုမ္ပဏီ တစ်ခုနှင့် ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ဆန်စပါးကြိတ်ခွဲ ပြုပြင်သည့် ဆန်စက်နှင့် အခြားစိုက်ပျိုးရေး လုပ်ငန်းကို ဖက်စပ်လုပ်ကိုင်မည်ဖြစ်ပြီး ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်သည့် Japan Logistic System Corp မှလည်း . . . . .
ယင်းအပြင် ဟောင်ကောင်အခြေစိုက် ကုမ္ပဏီများဖြစ်သည့် Kamtex Limited၊ Richest Time Limited၊ Sinobest Brothers Ltd နှင့် Archid Garment Factory Limited တို့မှလည်း CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း၊ လက်ပတ်နာရီ အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း၊ ရင်ထိုးတံဆိပ်၊ အလှဆင်ပစ္စည်း၊ သော့ချိတ်၊ ဆုတံဆိပ်၊ စားပွဲတင်ပစ္စည်း စသည့်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်းနှင့် ဆက်စပ်သည့်ပန်းထိုးနှင့် ပန်းရိုက်လုပ်ငန်းများကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရှိ စက်မှုဇုန် ၁၊ မင်္ဂလာဒုံစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း စက်မှုဇုန်တို့တွင် လုပ်ကိုင်သွားမည် ဖြစ်သည်။
ပြင်သစ်နိုင်ငံ အနေဖြင့်မူ ပြင်သစ်ကုမ္ပဏီ တစ်ခုဖြစ်သည့် Societe Industrielle Agricole Et Commercial D' Outre Mer (SIACOM) မှ မြန်မာကုမ္ပဏီ တစ်ခုနှင့် ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ဆန်စပါးကြိတ်ခွဲ ပြုပြင်သည့် ဆန်စက်နှင့် အခြားစိုက်ပျိုးရေး လုပ်ငန်းကို ဖက်စပ်လုပ်ကိုင်မည်ဖြစ်ပြီး ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်သည့် Japan Logistic System Corp မှလည်း မြန်မာကုမ္ပဏီ တစ်ခုနှင့် ပူးပေါင်း၍ ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းကို ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုမှလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် BOT စနစ်ဖြင့် ဟိုတယ်လုပ်ငန်းတစ်ခုကို လုပ်ကိုင်မည်ဖြစ်ပြီး အဆိုပါနိုင်ငံများမှ လုပ်ကိုင်မည့် လုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ လုပ်ကိုင်ခွင့် ချထားပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၊ မေလကုန်အထိ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ လာရောက်မြှုပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၂၄၉၆ သန်းကျော်ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top