ဇွန်လ ၁၉ ရက်နေ့နှင့်
၂၀ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်း ကော်မတီနှင့် KNPP တို့၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတွင် ယင်းအချက် အပါအဝင် အခြား အချက် ရှစ်ချက်ကို လက်မှတ်
ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပူးတွဲ လေ့လာ စောင့်ကြည့်ရေး ကော်မတီ
(Joint Monitoring Committee)ကို ကယားပြည်နယ် အစိုးရအဖွဲ့မှ နှစ်ဦး KNPP
မှနှစ်ဦး၊ ရပ်မိရပ်ဖ ခြောက်ဦး စုစုပေါင်း ၁၀ဦး တို့ဖြင့် ဖွဲ့စည်းရမည်
ဖြစ်ပြီး ကယားပြည်နယ် အခြေစိုက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ယင်း
ကော်မတီ၏ လုပ်ငန်း လမ်းညွှန်ကို ရေးဆွဲရမည်ဖြစ်ကြောင်း နှစ်ဖက် ထုတ်ပြန်
ထားချက်များ အရ သိရသည်။
"အဲဒီအဖွဲ့ ဖွဲ့ဖို့ သဘောတူ ခဲ့တယ်။ ပဋိပက္ခ တစ်စုံတစ်ရာ ဖြစ် ခဲ့လို့
ကော်မတီကို သတင်းပေးပို့တဲ့ သူတွေကို အစိုးရကရော၊ KNPP ကရော
မခြိမ်းခြောက်ဖို့၊ ဥပဒေပ အရေးမယူဖို့ သဘောတူခဲ့တယ်" ဟု ဦးလှမောင်ရွှေ က
ဆက်လက် ပြောကြားသည်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ရှိ ဒုက္ခသည်ဦးရေ
၁၆,၃၈၇ ဦး ပြည်တွင်း ပြန်လာနိုင်ရေး အတွက် ရှားတောမြို့နှင့် ဒေါတခဲဒေသတွင်
IDP များ ပြန်လည်နေရာ ချထားရေး စံပြ စီမံကိန်းများ လုပ်ဆောင်ရန်
အစိုးရနှင့် KNPP တို့ကြား လက်မှတ် ရေးထိုးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တပ်မတော် အမှတ် (၂) အထူး စစ်ဆင်ရေးမှူး
ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး
ဗိုလ်ချုပ်စိုးထွဋ်တို့ အပါအဝင် အခြား တပ်မတော် ထိပ်ပိုင်းအရာရှိ
အချို့နှင့် KNPP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီတူးတို့က နှစ်ဖက်
တပ်နေရာချထားရေးအတွက် တံခါးပိတ် ဆွေးခဲ့ကြသည်။ ၂၀၁၂ ခုနှစ်မတ်လ ၇
ရက်နေ့တွင် အစိုးရနှင့် KNPP ကြား ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး
သဘောတူညီချက် လက်မှတ်ရေးထိုးထားနိုင်ပြီး ဇွန်လအတွင်းတွင် ပြည်ထောင်စု
အဆင့် သဘောတူညီချက် ၁၄ ချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

No comments :
Post a Comment