Blogger Widgets

Sunday, 23 June 2013

ကားရပ်နားရန်နေရာ နည်းပါး၍ ကားများပိတ်ဆို့နေသည်ဟု JICA က လေ့လာတွေ့ရှိ

jica-june23
ဘုရင့်နောင်တံတားအနီး ယာဉ်ကြောပိတ်ဆို့ နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
ရန်ကုန်မြို့တော်တွင် ကားရပ်နားရန်နေရာ (ကားပါကင်) နည်းပါးနေပြီး ထိုသို့နည်းပါခြင်းကြောင့် ကားများလမ်းပေါ်တွင်ရပ်ကာ ပိတ်ဆို့နေရခြင်း ဖြစ်သည်ဟု JICA လေ့လာရေး အဖွဲ့၏ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်မှုဆိုင်ရာ လေ့လာချက်များအရ သိရသည်။
ရန်ကုန်မြို့တော်ရှိ လမ်းများပေါ်တွင် ကားပိတ်ဆို့မှုများ တစ်နေ့တခြား ဆိုးရွားလာကြောင်းနှင့် လမ်းများချဲ့ထွင် နေသော်လည်း တိုးပွားလာသည့် ကားအစီးရေနှင့် လမ်းချဲ့ထွင်မှုမှာ လုံလောက်မှု မရှိကြောင်း၊ ထို့ပြင် ကားရပ်နားရန် နေရာများ အလုံအလောက် မရှိခြင်းကလည်း ကားပိတ်ဆို့မှု ဖြစ်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်နေကြောင်း သိရသည်။
"ရန်ကုန်မြို့မှာ ကားပါကင်ပြဿနာ ဖြစ်နေပါတယ်။ နောက်ပြီး မြို့တော်ရဲ့လမ်းတွေ၊ လမ်းကြားတွေမှာလည်း ကားတွေပိတ်ဆို့ နေပါတယ်။ ကားပါကင် ပြဿနာ ဖြစ်နေသလို ကားရပ်နားမှုနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်း မရှိပါဘူး။ ဂျပန်မှာဆိုရင် ကားဝယ်ရင် ကိုယ်ပိုင်ကား ရပ်နားနိုင်တဲ့ နေရာရှိမှ ၀ယ်လို့ရပါတယ်" ဟု ဇွန် ၅ ရက်က Chatrium Hotel တွင် ပြုလုပ်ခဲ့သော "မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း" နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် JICA လေ့လာရေးအဖွဲ့၏ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးဆိုင်ရာ စီမံကိန်းမှ Mr.Takashi Shoyama က ဆိုသည်။
ရန်ကုန်မြို့တော်ရှိ လမ်းများပေါ်တွင် ကားပိတ်ဆို့မှုများ တစ်နေ့တခြား ဆိုးရွားလာကြောင်းနှင့် လမ်းများချဲ့ထွင် နေသော်လည်း တိုးပွားလာသည့် ကားအစီးရေနှင့် လမ်းချဲ့ထွင်မှုမှာ လုံလောက်မှု မရှိကြောင်း၊ ထို့ပြင် ကားရပ်နားရန် နေရာများ အလုံအလောက် မရှိခြင်းကလည်း ကားပိတ်ဆို့မှု ဖြစ်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်နေ . . . . .
ထို့ပြင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မည် ဆိုပါကလည်း ယင်းအဆောက်အအုံ၌ ကားပါကင် အလုံအလောက် ထားရှိရန် တင်ပြလာမှသာ ဆောက်လုပ်ခွင့် ပြုသင့်ကြောင်းလည်း JICA အဖွဲ့မှ သုံးသပ်ခဲ့သည်။
လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရန်ကုန်မြို့တွင်းရှိ လမ်းအချို့ပေါ်တွင် အခမဲ့ ယာဉ်ရပ်နားနိုင်သည့် နေရာများ ပြုလုပ်ပေးထားပြီး အဆိုပါ နေရာများ ထပ်မံတိုးချဲ့ခြင်းများ ပြုလုပ်နေကြောင်း၊ သို့သော် ယာဉ်ကြောပိတ်ဆို့မှုမှာမူ လျော့ကျသွားခြင်း မရှိသေးဘဲ ပိုဆိုးရွားလာကြောင်း သိရသည်။ ထို့အတွက်ကြောင့် ရန်ကုန်မြို့ရှိလမ်းများ ချဲ့ထွင်စရာ ကုန်သွားပါက ရန်ကုန်မြို့တွင်း သွားလာဝင်ထွက်သည့် ကားအရေအတွက်ကို ကန့်သတ်သွားမည့် အစီအစဉ်ကို ပြုလုပ်ပေးရမည်ဖြစ်ကြောင်း ဇွန် ၁၂ ၇က်က ရန်ကုန်မြို့တော် ခန်းမတွင် ပြုလုပ်ခဲ့သော ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး လျင်မြန်ချောမွေ့မှုအတွက် ဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားခဲ့မှုအရ မြန်မာတစ်နိုင်ငံလုံးတွင် ကားအစီးရေ လေးသိန်းကျော် ရှိသည့်အနက် ရန်ကုန်မြို့တွင် ကားအစီးရေ နှစ်သိန်းကျော် ရှိနေကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top