တပ်မတော်မှ
လူမှုအကျိုးပြု လုပ်ငန်းများ လုပ်ကိုင်ရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ကိုယ်တိုင် အများပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံလာပြီဖြစ်ကြောင်း
ကာကွယ်ရေး ၀န်ကြီးဌာနမှ သတင်း ရရှိသည်။ ပထမဆုံး အကြိမ် ပြည်သူနှင့်
တိုက်ရိုက် ထိတွေ့ဆက် ဆံ မှုအဖြစ် ဇွန်လ ၅ ရက်က ကာကွယ်ရေး ဦးစီး ချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ် တိုင် စစ်တပ်နယ် လှည့်ဆေးကုသမှု
အဖွဲ့ရောက်ရှိရာ ညောင်ဦးမြို့နှင့် ကျောက် ပန်းတောင်း မြို့ဒေသခံ များနှင့်
တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
ယခင် စစ်အစိုးရလက်ထက်တွင် မူ ကာကွယ်ရေးနှင့် လုံ ခြုံရေးအရ တပ်မတော်စစ်ဦးစီးချုပ်ကိုယ် တိုင် ပြည်သူလူထုနှင့် တိုက်ရိုက် တွေ့ဆုံခဲ့ခြင်းမှာ မရှိသလောက်နည်းပါးခဲ့သည်။ နယ်လှည့်ဆေးကုသမှုလုပ်ငန်းစဉ်များ စစ်အစိုးရ လက်ထက်ကတည်းက ရှိခဲ့သော်လည်း စစ်တပ်မှာ အာဏာလက်ရှိဖြင့် အုပ်ချုပ်သူအစိုးရဖြစ်နေခဲ့ခြင်းကြောင့် ယခင်စစ်ဦးစီးချုပ်ကိုယ်တိုင် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့မှုမရှိခဲ့ကြောင်း အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးက ပြောသည်။
“မျက်စိက သိပ်မကောင်းတော့ ကာကွယ်ရေးဦးစီးချုပ်ရယ်လို့တော့ မသိပါဘူး။ အစားအသောက်တွေ နဲ့ ပစ္စည်းတွေတော့ အဲဒီနေ့က လှူသွားတယ်။ ဆေးတွေဆက်ကုပေးမယ်လို့ ပြောသွားတယ်”ဟု နယ်လှည့် ဆေးကုသမှုခံယူခဲ့သည့် ညောင်ဦးဒေသခံ ဒေါ်အေးသီက ပြောသည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် လက်ထက်တွင် စစ်တပ်မှာ အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့မှုသာမက တပ်ပိုင်း ဆိုင်ရာ သတင်းထုတ် ပြန်မှုများကိုလည်း ပိုမိုပြုလုပ်လာကြောင်း စစ်တပ်ကို လေ့လာစောင့် ကြည့်သူများ က ဆိုသည်။
ယခုနှစ် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ထူလုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လူမှုအရပ်ဘက်အဖွဲ့အစည်းများကို စစ်ရေးပြအခမ်း အနားကျင်းပရန် ဖိတ်ကြားခဲ့သည့်အပြင် စစ်တပ်မှ ၀ယ်ယူအသုံးပြု သည့် စစ်လက်နက်ပစ္စည်းများကိုလည်း အများပြည်သူသိရှိစေရန် တပ်တော်ဝင်အခမ်း အနားများကို သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။ “အခုကာကွယ်ရေးဦးစီးချုပ် ကျင့်သုံးနေတဲ့ လမ်းစဉ် က ပိုပြီးပြည် သူနဲ့ထိတွေ့တယ်။ ပွင့်လင်းမြင်သာတယ်။ အရင်တုန်းက တပ်မတော်က သုံးတဲ့ပစ္စည်းတွေ ကို ပြည်သူတွေကို ပြလေ့ပြထမရှိဘူး။
အခုကျတော့ ပြည်သူတွေပေးတဲ့ ဘဏ္ဍာနဲ့ နိုင်ငံတော်ကို ကာကွယ်ဖို့ ၀ယ်ထားတဲ့ ပစ္စည်းတွေဆိုတော့ ဘာတွေဝယ်ထားတယ်။ ဘာစွမ်းအင်တွေ ရှိနေ တယ်ဆိုတာကို ပြည်သူတွေသိနိုင်ဖို့အခုလို ထုတ်ပြန် တယ်။ ရှေ့လျှောက်လည်းပိုပြီးထိတွေ့သွားမှာပါ” ဟု အငြိမ်းစား ဗိုလ်မှူးကြီးဟောင်းဦးရဲထွဋ် က ပြောသည်။ ဒီမိုကရေစီ အစိုးရလက်ထက်တွင် မြန်မာ့တပ်မတော်ကို နည်းပညာအရည်အသွေး ပိုင်းဆိုင်ရာ အကူအညီများပေးရန် နိုင်ငံအချို့၏ကမ်းလှမ်းမှုများ လက်ခံရရှိထားသည်။ လက်ရှိတပ် မတော်သည် နယ်လှည့်ဆေးကုသမှုအပါအ၀င်လူထု အကျိုးပြုလုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ်ကြုံတွေ့ လာပါက ပြည်သူများအား ကယ်ဆယ်ထောက်ပံ့မှုများ ပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments :
Post a Comment