လက်ရှိရောက်နေတဲ့ နေရာမှာ အကောင်းဆုံး ဖြတ်သန်းသွားမယ်လို့ စိတ်ကူးတဲ့ နေမင်း
တစ်ကားပြီး တစ်ကားကို မလုပ်ဖူး သေးတော့ လုပ်နိုင်တာ၊ လုပ်တတ် သလောက်ကို
ပရိသတ်ကြည့် ချင်မယ့် ပုံစံတွေကို ရွေးပြီး လုပ်နေ ပါတယ်။ ဘယ်အချိန်မှာ
ဘာလုပ် ရမယ်ဆိုပြီး မရှိပါဘူးဆိုတဲ့ သရုပ် ဆောင်နေမင်းကို တွေ့ဆုံခိုက်မှာ
"ကျွန်တော်ကတော့ ကျွန်တော်ရိုက် တဲ့ ကားတိုင်းကို မျှော်လင့်တယ်။
တစ်ကားချင်းစီ အကုန်လုံးက ကျွန် တော်လုပ်နိုင်သလောက် လုပ်လို့
ရသလောက်လုပ်ထားတာပါ။ လက် ရှိမှာတော့ ကျွန်တော့် စိတ်ကို လက်
ရှိရောက်နေတဲ့နေရာမှာ အကောင်း ဆုံး ဖြတ်သန်းသွားမယ်လို့ စိတ်ကူး ထားတယ်။
ပြီးတော့ လူတွေအား လုံးပူပင် ကြောင့်ကြမှု တစ်ခုမှ မရှိစေချင်ဘူး။
အကုန်လုံးက မြန်မာ ပြည်မှာမွေးတဲ့ သူတွေ၊ မြန်မာတွေ ချည်းပဲလေ။
ကောင်းခြင်း၊ ဆိုခြင်း ကိုတော့ နားမလည်ပါဘူး။ ဒါပေမဲ့ လူတိုင်း၊
လူတိုင်းကို ပူပန်သောက ရောက်တာကို မဖြစ်စေချင်ဘူး။ ပျော်ပျော်ရွှင်ရွှင်
အေးအေးချမ်းချမ်း လေးနဲ့ပဲ ဖြစ်စေချင်တယ်။ အလုပ် လုပ်တာ ကျောင်းတက်တာ၊ တ
ရားထိုင်တာကအစ သူ့အရွယ် အ ပိုင်းခြားနဲ့သူ၊ သူ့မိသားစုနဲ့သူ ပျော်
ပျော်ရွှင်ရွှင်နဲ့ ဘဝကို ရပ်တည်စေ ချင်တဲ့ ဆန္ဒရှိတယ်"လို့ သူ့ရဲ့ ရင် ထဲက
ခံစားချက်တွေကို ပြောပြထား ပါတယ်။

Blogger Widgets
Back to Top
No comments :
Post a Comment