Blogger Widgets

Sunday, 2 June 2013

မလေးရှားရှိ ရွှေမြန်မာများသတိထားမိစေရန်

မလေးရှားနိုင်ငံ ဆလာရန်းမြို့ သို့ မြန်မာ လူမျိုးများ လုံးဝ မသွေားရောက်ကြပါရန်။ ဆလာရန်းမြို့ရှိ အိန္ဒြာ ခင်မောင်ဝင်းဆိုင်နှင့် ဇေယျာဆိုင် ကူးသော လမ်းတွင် မင်းမဲ့စရိုက်ဆန်စွာ မြန်မာလူမျိုးများအား သတ်ဖြတ်နေကြပါ တယ်။

လောလောဆယ်သတင်းအရ အလောင်း ၅လောင်းအား ရဲကားဖြင့် သွားရောက်ကောက်ထားပြီး ပျောက်နေတာ အယောက် ၃၀ကျော်ရှိပါတယ်။

ပိတ်မိနေသော သူများလည်းရှိသောကြောင့် ကူညီကယ်ဆယ်ရေး အတွက်ကြိုးပမ်း
နေကြပါတယ် အရင်နေ့တွေက ပြသနာအရှာခံရတဲ့ သူတွေကိုလည်း နေရာပြောင်းေ
ပေးထားပါတယ် ။နာရေးအလောင်းများ မြေကျရန်လည်း အလှူငွေများလိုအပ်နေကြောင်းကြား သိရပါတယ် အားလုံးမိမိနေရပ်မျာ ဂရုတစိုက်နေကြပါ။

ဖြစ်နိုင်ရင် ဘယ်နေရာကိုမှ အရေးကြီးကိစ္စမရှိပဲ မသွားစေချင်ဘူး အထူးသဖြင့် ဆလာရန်း ကလန်း ဆရမ်ဘန်း အရပ်များသို့ မသွား ကြပါနဲ့ သတင်းမှန်ကြောင်း အာမခံပါတယ်။
ခုတော့ ခိုလှုံသူ ၁၀၀ နီးပါး ရှိနေပါတယ်။ ကွာလာလမ်ပူ(ကပ်ပုံး) က ဘုန်းကြီးကျောင်း
ကိုလည်း ရဲတွေစောင့်ပေးနေပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top