စကထဲကလွဲခဲ့သောကော်မရှင်
ကော်မရှင်ကထမ်းဆောင်ရမည့်အဓိကကျသောသုတေသနမေးခွန်း[1]နှင့်စပ်လျှဉ်း၍စကထဲကလွဲခဲ့သည်။၂၀၁၂ခုနှစ်သြဂုတ်လ(၁၇)ရက်နေ့စွဲဖြင့်သမတဦးသိန်းစိန်၏တာဝန်ပေးစာ
တွင်“ရခိုင်ပြည်နယ်တွင်၂၀၁၂ခုနှစ်မေလနှင့်ဇွန်လအတွင်း၌
တည်ငြိမ်အေးချမ်းရေး နှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက် ပြားစေသည့်
လူစုလူဝေးဖြင့် ဥပဒေမဲ့ဆောင်ရွက် မှုများ၊ တိုက် ခိုက် သတ့် ဖြတ်မှု များ
ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပဋိပက္ခဖြစ်ပွား မှုနှင့်စပ်လျှဉ်း၍ဖြစ်စဉ်ဖြစ်ရပ်
အမှန်ပေါ်ပေါက်ရေးစုံစမ်းစစ်ဆေး ရန်နှင့်အမျိုးသားအကျိုးစီးပွားတိုး တက်ရေး
အကြံပြု ရန်
အတွက်အောက်ဖေါ်ပြပါပုဂ္ဂိုလ်များပါဝင်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပါသည်။”ဟူ၍
ဖေါ်ပြထားခဲ့သည်။
၂၀၁၃ခုနှစ်ဧပြီလ (၂၂) ရက်စွဲဖြင့် ကော်မရှင်၏
အစီရင်ခံစာထွက်လာပြီးနောက်ကော်မရှင်ဥက္ကဌဒေါက်တာမျိုးမြင့်လက်မှတ်ရေး
ထိုးထားသည့်ဥယျောဇဉ်တွင်ပထမဆုံးစာကြောင်း၌
“ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောလူမျိုးရေးပဋိပက္ခများ၏ ဖြစ်ပွားရသည့်
အကြောင်းရင်းများနှင့်အနာဂါတ်တွင်ထိုပဋိပက္ခမျိုး
ထပ်မံမဖြစ်ပွားစေရေးကြိုတင်ကာကွယ်နိုင်ရန်နှင့် လုပ်ဆောင်ရမည့်အချက်
များကိုသိရှိနိုင်ရန်အတွက်စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဖွဲ့စည်းခဲ့ပါသည်။”ဟူ၍
ဖေါ်ပြထားခဲ့သည်။
သမတ၏တာဝန်ပေးစာပထမပိုင်းကိုချုပ်ပြီးကြည့်လျှင်“ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းရေးနှင့်
ဥပဒေ စိုးမိုး ရေးကို ထိခိုက် ပျက်ပြားစေသည့် လူစုလူဝေးဖြင့်ဥပဒေမဲ့ဆောင်
ရွက်မှုများ၊ တိုက်ခိုက်သတ်ဖြတ်မှုများ၊ ပဋိပက္ခ ဖြစ် ပွားမှုများ နှင့် စပ်လျှဉ်း၍ ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်” ဟူ၍တာဝန်ပေးအပ်ခြင်းဖြစ် သည်။ သို့ရာတွင်ကော်မရှင်ဥက္ကဌ၏စာပထမပိုင်းအရမူ“ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးရန်” ဟူ၍ တာဝန်ကို ခံယူထားကြောင်းနားလည်နိုင်ပါသည်။
သို့ဖြစ်၍သုတေသနလုပ်ငန်းသဘောအရစူးစိုက်လေ့လာစုံစမ်းစစ်ဆေးရမည့်အကြောင်းရပ်တွင်ကော်မရှင်သည်စကထဲကလွဲနေကြောင်းတွေ့နိုင်သည်။လူမျိုးရေးပဋိပက္ခ
ကို မလေ့ လာရ ဟု ဆိုလိုရင်း မဟုတ်ပါ။ ယင်း မှာနောက်ခံ
အကြောင်းရပ်ဖြစ်သည်။ဆက်စပ်လေ့လာဖေါ်
ထုတ်ဘို့လိုပါမည်။သို့ရာတွင်သမတ၏တာဝန်ပေးစာ အရမူစူးစိုက်လေ့လာရမည့်
သုတေသနမေးခွန်း၏အချိန်
ကာလအ၀န်းအ၀ိုင်းဖြစ်သည့်၂၀၁၂ခုနှစ်မေလနှင့်ဇွန်လအတွင်း၌
ပဋိပက္ခဖြစ်ပွားသည့်လတ်တလောအကြောင်းရပ်[2]ကိုအဓိကလေ့လာရပါမည်။
လတ်တလောအကြောင်းရပ်များကိုအဓိကထားစုံစမ်းစစ်ဆေးခြင်းမပြုခဲ့သည့်ကော်မရှင်။
ရခိုင်ပြည်နယ်တွင်၂၀၁၂ခုနှစ်မေနှင့်ဇွန်လများအတွင်း ဥပဒေ စိုးမိုးရေးကို
ထိခိုက်ပျက်ပြားကာ ပဋိပက္ခများ ဖြစ်ပေါ်စေခဲ့သည့် လတ်တလော အကြောင်းမှာ
နှစ်ရပ်မှာ ကျောက်နီမော် လူသတ်မှု နှင့် တောင်ကုတ်လူသတ်မှုတို့ ဖြစ်သည်။
ယင်းတို့သည် ပြင်းထန် လှသည့် အဓိကရုဏ်းကြီးအားဖေါက်ခွဲခဲ့သည့် စနက်တန်များ
သဘွယ်ဖြစ်ခဲ့သည်။ ဤစနက် တန်များ ကို ဖြုတ်သူများ ကိုယ်တိုင်သည် သာ ပြစ်မှု
ကျူးလွန်သူများဖြစ်သလား။ သို့မဟုတ် စနက်တန်ဖြုတ် သူများအား နောက်ကွယ်က
အင်အားစုတစုံတရာက စနစ် တကျ စီစဉ် အမိန့်ပေး ညွှန်ကြားမှု ရှိသလား။ ကော်မရှင်
သည် လတ်တလော အကြောင်းအား တိတိကျကျ လေ့လာ စုံစမ်း စစ်ဆေးကာ အမှန်တရားကို
ဖေါ်ထုတ်ရန် တာဝန်ရှိ သည်။ ကော်မရှင် သည် ယင်းတာဝန်ကို
ထမ်းဆောင်ခဲ့ခြင်းမရှိသဖြင့် အမှန်တရားကို မဖေါ်ထုတ်နိုင်ခဲ့ပါ။
ကော်မရှင်၏အစီရင်ခံစာ၌ ပဋိပက္ခများဖြစ်ပွားရသည့် နောက်ခံအကြောင်းကို
စာမျက်နှာ (၁၂) မျက်နှာ တင်ပြခဲ့ သည်။ ယင်းသို့ဖြစ်လျှင် ပို၍
အရေးတကြီးထားကာ အဓိကလေ့လာ ရမည့် လတ်တလောအကြောင်းကို အနည်းဆုံး နှစ်ဆ၊ (၂၄)
မျက်နှာခန့် တင်ပြ သင့်သည်။ သို့ရာတွင် စကထဲက လွဲခဲ့သောကော်မရှင် ၏
အစီရင်ခံစာ ရှည်ကြီးတွင်ကျမ်း ကိုးများ
၊နောက်ဆက်တွဲများပါထည့်သွင်းတွက်ချက်ပါကစုစုပေါင်း၁၈၅မျက်နှာရှိသော်လည်းလတ်တလောအကြောင်၏ကြောရိုးပြစ်မှုကြီးနှစ်ရပ်နှင့်စပ်လျှဉ်း၍မူစာတမျက်နှာခန့်သာဖေါ်ပြနိုင်ခဲ့
သည်။[3]ပထမပြစ်မှုကြီးအတွက်မူစာကြောင်းတကြောင်းမျှသာဖေါ်ပြခဲ့သည်။
ဥပဒေစိုးမိုးရေး၏အခြေခံအကျဆုံးအနေဖြင့် ပြစ်မှုကျူးလွန်သူအား အပြစ်ပေးနိုင်ရေးကိုပင် ထိထိရောက်ရောက်မဆောင်ရွက်ခဲ့သော ကော်မရှင်။
ပြစ်မှုကျူးလွန်သူများအား အရေးယူရန် အစီရင်ခံစာတွင် ဖေါ်ပြထားမှု
မရှိသည့်အပေါ် ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စား လှယ် မစ္စတာကင်တားနား က
ထောက်ပြသော အခါ ကော်မရှင် အတွင်းရေးမှုးဒေါက်တာ ကျော်ရင်လှိုင် က ၂၀၁၃ ခုနှစ်
မေလ (၃) ရက်နေ့နံက် ဘီဘီစီ နှင့်အင်တာဗျူးတွင် “ ကျွန်တော်
တို့အင်တာဗျူးတွေ လုပ်ပါတယ်။ ဒါပေမယ့် တကယ့်ကို သက်သေ သက္ကာယ နဲ့
ခိုင်ခိုင်မာမာ ပြနိုင်တာက အားနည်းတယ်။ သက်သေ သက္ကာယ အရ ဒီမှာ ဒါဖြစ်ခဲ့တယ်
ဆိုတာရှိခဲ့ရင် အဲဒါကို ကျွန်တော်တို့ေ ပြောပါတယ်။ ဒါပေ မယ့် အကြားလောက်ဘဲ အမြင်လောက်ဘဲ ပြောပြီးတော့ CircumstantialEvidence မရှိတာတွေ ပြောလာရင် ကျွန်တော် တို့အကြံပြုနိုင်တာက ဥပဒေနဲ့ အညီ လုပ်ဘို့ အသေအချာ ဂရုပြုရမယ် ဆိုတဲ့အဆင့်လောက်ပါဘဲ။” ဟူ၍ ပြောကြားသွားခဲ့သည်။
ဥပဒေ နှင့်အညီလုပ်ဘို့ အသေအချာ
ဂရုပြုရမယ်ဟုပြောခဲ့သောကော်မရှင်အတွင်းရေးမှုးကြီး ကိုယ်တိုင်က ပြည်
တွင်းတွင် ကျင့်သုံးလျှက်ရှိသောသက်သေခံ ဥပဒေကို မသိသော အခါ ပြသနာ တက်လာသည်။
သက်သေခံ ဥပဒေ ပုဒ်မ (၅၉) အရ “စာတမ်းအမှတ်အသားများ၏ အနှစ်သာရများမှလွဲ၍
အချက်အလက်များအားလုံးကို နုတ်သက်သေခံ ချက်ဖြင့် သက်သေပြရမည်။” ဟု
လည်းကောင်း၊ ပုဒ်မ (၆၀) အရု“နုတ်သက်သေခံချက် သည်တိုက်ရိုက်ဖြစ်စေ ရမည်။”
ဟု လည်းကောင်း ပြဌာန်း ထားသည်။ ပြစ်မှုဆိုင်ရာ မှုခင်းများတွင် တဆင့်ကြား[4]မဟုတ်ဘဲ ကိုယ်တိုင်ကြား၊ ကိုယ်တိုင်မြင်သူများ၏ သက်သေခံချက်ကို Circumstantial Evidence ဟုခေါ်သော ပတ်ဝန်းကျင်သက်သေ ခံချက် ထက် ပိုမို တန်ဘိုးထား၍
တရားရုံးများက လက်ခံကြ ရသည်။ ကော်မရှင် အတွင်းရေး မှုးကြီးသည်အဘယ်ကြောင့်
ပြောင်းပြန်ပြောနေ ပါသနည်း။ ပြစ်မှုဆိုင်ရာ မှုခင်းများတွင်မည်သည့်
သက်သေခံချက်ကို မည်သို့ မည်ပုံ လက်ခံ သုံးသပ်ရမည်ဟုပင်
နားမလည်ပါကကော်မရှင်သည် အမှန်တရားပေါ်အောင် မည်သို့ စုံစမ်းစစ်ဆေးပါမည်နည်း။
အစိုးရအာဏာပိုင်များ ပါဝင်ပတ်သက် ကျူးလွန်မှုရှိမရှိ၊
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ နှင့် မစ္စတာ ကင်တားနားတို့ ပြောတာ
မမှန်ဘူးလား ဟူသောမေး ခွန်း ကို ကော် မရှင်အတွင်းရေးမှုး က “ ဒီလိုမျိုး အကြောင်းအရာ တွေကို စစ်ဆေးဘို့ဆိုရင် အခုရတဲ့ အချိန်လောက်နဲ့မလုံလောက်ဘူး။ အကြာကြီး ပြန်လုပ်ရမှာ။” ဟု ဖြေ ခဲ့သည်။
စင်စစ်အားဖြင့်မူ အချိန်သည်လိုသည်ထက်ပင်ပိုပါသေးသည်။ ၂၀၁၂ ခုနှစ်
သြဂုတ်လ(၁၈)ရက်နေ့တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ သော ကော်မရှင်သည် ၂၀၁၃
ခုနှစ် ဧပြီလ ၂၁ ရက်နေ့အထိ စုစုပေါင်းအချိန် ရှစ်လ နှင့် သုံးရက် ရခဲ့ သည်။
အဓိကရုဏ်းကြီးအားဖေါက်ခွဲခဲ့သည့် စနက်တန်များ သဘွယ် အရေးကြီးလှသည့်
ပြစ်မှုကြီး နှစ်ခုအား အဓိက ထား၍စုံ စမ်းဖေါ်ထုတ်မှုမပြုခဲ့ဘဲ သမိုင်းကြောင်း
များအပေါ်တွင်လည်းကောင်း၊ပြစ်မှုဖြစ်ပွားပြီးနောက် အကျိုး သက် ရောက်မှုများ
အပေါ်တွင်လည်းကောင်း လိုအပ်သည် ထက်ပိုမို အချိန်ယူခဲ့ခြင်းကြောင့်သာ
အချိန်ပြသနာပေါ်ခဲ့ရသည်။
ဥပဒေစိုးမိုးရေး၏၀င်ရိုးဖြစ်သော
တရားစီရင်ရေးနှင့် စပ်လျှဉ်း၍ လေ့လာစုံစမ်းဖေါ်ထုတ်ခြင်းမပြုခဲ့သဖြင့်
အမှန်တရားကို ပျောက်ဆုံးစေခဲ့သည့် ကော်မရှင်။
ပထမ အမှုတွင် ရခိုင်အမျိုး သမီးကလေးအား မုဒိန်းကျင့်သတ်ဖြတ်၍
ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူသုံးဦးအနက် တဦးမှာ အချုပ်ခန်းထဲ
တွင်ကြိုးဆွဲချသေသွားခဲ့ကြောင်း သိရ သည်။ မှုခင်းတွင် နောက်ကွယ် က
ကြိုးကိုင်စီစဉ်သူများအား မဖေါ်ထုတ်နိုင်စေ ရန်
နုတ်ပိတ်လိုက်ခြင်းများဖြစ်သလား။ စုံစမ်းစစ်ဆေးဖေါ်ထုတ်ခွင့်ရပါလျှက်
ကော်မရှင်သည် မည်သို့ မျှ မဆောင်ရွက်ခဲ့။ ရခိုင်အမျိုး
သမီးကလေးအားမုဒိန်းကျင့်သတ်ဖြတ်သူ မည်သူ့ကို မဆိုအရေးယူအပြစ် ပေးရပါမည်။
သို့ရာတွင်တရားခံများဘက်တွင် ခုခံထုခြေခွင့် အပြည့် အ၀ရှိ ဘို့လိုသည်။
ဤမျှ ကြီးမားလှသောလူ သတ်မှုကြီးအား အလွန်တိုတောင်း လှသည့် ရက်သတ္တသုံးပတ်မျှ
အတွင်း ရုံးတင်စစ်ဆေးပြီးကျန်တရားခံ နှစ်ဦးအပေါ် သေဒဏ်ချမှတ်ခဲ့သည်
ဆိုသည်မှာ မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်းတွင်မကြားမိဘူးခဲ့။
ကျန်သူနှစ်ဦးကိုပါ ထပ်မံ နုတ်ပိတ်လို၍လား သံသယဖြစ်ဖွယ်ပင်။
ဒုတိယ အမှုတွင် လူ (၁၀) ဦးအား ပေါ်ပေါ်ထင်ထင် တပြိုင်နက် သတ်ဖြတ်ပစ်သည်အထိ
ပြစ်မှုကျူးလွန်ကြသူများ သည် မည်သူတို့ နည်း။ ဤမျှကြီးမားလှသော ပြစ်မှုကြီး
ကို နောက် ကွယ်မှနေ၍ကြိုးကိုင်စီစဉ်၊ သို့မဟုတ် ဖုံးအုပ်ကာ ကွယ်ပေးထားသော
အဖွဲ့ အစည်းများရှိလျှင်မည်သည်တို့နည်း။ တိတိကျကျဖေါ်ထုတ်ရန် ကော်မရှင်တွင်
တာဝန်ရှိ သည်။ မဖေါ် ထုတ် ခဲ့။အပြစ်ပေး အရေးယူ ရန် မတောင်းဆိုခဲ့။
တရားစီရင်ရေးပိုင်းအရ အားနည်းချက်တွေ ရှိသည်ဆိုလျှင်လည်း လွတ်လပ်၊
ဘက်မလိုက်၊ အားကောင်း ထက်မြက်သော တရားစီ ရင်ရေး စနစ်ပေါ်ပေါက်လာရေး အတွက်
မည်သည့် အဆိုပြုမှုမျှ မတင်သွင်းခဲ့။ ကော်မရှင်ကိုယ်တိုင်က ဥပဒေစိုးမိုးရေး၏
မရှိမဖြစ် အရေးပါလှ သည့် အခြေခံများကို ဥပက္ခာပြု ထားသောအခါ နောက်ထပ်
အလားတူပြစ်မှုကြီးများကျူးလွန်မှု မရှိစေရန် မည်သို့ ကာကွယ် တားဆီးမည်နည်း။
အစိုးရ၏တာဝန်ရှိမှုကို ပြတ်ပြတ်သားသားဖေါ်ထုတ်တင်ပြမှုမပြုခဲ့သည့် ကော်မရှင်။
မည်သည့်နိုင်ငံတွင်မဆို အစိုးရတိုင်း၏ အခြေခံအကျဆုံးတာဝန်သည်
ပြည်သူလူထု၏လုံခြုံမှုကို ကာကွယ် စောင့် ရှောက်ရန်ဖြစ် သည်။ ကော်မရှင်၏
အစီရင်ခံစာအရပေါ်လွင်သည် မှာပဋိပက္ခဖြစ်စဉ် များအတွင်း တိုက်ရိုက်အမိန့်ပေး
ကိုင်တွယ်သူမှာအဓိက အားဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များမဟုတ်၊
နေပြည်တော်မှဗဟိုအစိုးရဖြစ်သည်။ကော်မရှင် ၏အစီရင်ခံ စာ စာမျက်နှာ ၈၇ တွင်
“နစက သည် ကက (ကြည်း) ၏တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေကြောင်းနှင့်
လုံခြုံရေး အဖွဲ့အစည်းများသည်သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ အမိန့်ကို
သာနာခံရပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးဆောင်ရွက်သူများ၏ အမိန့်ကို
နာခံနိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း” အတိအလင်းဖေါ်ပြထားသည်။ ဤတွင်
ကော်မရှင် သည်ကောင်း မွန်သောလွှမ်းမိုးအုပ်ချုပ်မှု[5]ကို ကျင့်သုံးသည့် နိုင်ငံတကာ အစဉ်အလာ[6]အရ အမိန့်ပေး ခြင်းအရတာဝန်ရှိမှု[7]ကို ဖေါ်ထုတ်ရပါမည်။
မျက်စိရှေ့မှောက်တွင် ပြစ်မှုကြီးများ ကျူးလွန်ဖြစ်ပွားနေကြောင်း တွေ့ရ
ပါလျှက်လုံခြုံရေး အဖွဲ့အစည်းများသည် ချက်ခြင်း အရေးယူ ဆောင်ရွက်မှုမပြုဘဲ
ရပ် ကြည့်နေ ခဲ့ကြသည် ကိုရခိုင်ပဋိပက္ခများ အတွင်း စတင်တွေ့မြင်ခဲ့ရပြီး
နောက်ပိုင်းတွင် တပြည်လုံးသို့ ပြန့်လာနေပြီ ဖြစ်သည်။ ယင်းအတွက် ၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံအရ ထိပ်ဆုံးတွင် တိုင်း ပြည် အာဏာ ကိုချုပ်ကိုင်ထားသော
အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ နှင့် ဦးသိန်းစိန်
ဦးဆောင်သည့် ပြည်ထောင်စုအစိုးရတွင် အဓိကတာဝန်ရှိသည်။ ကော်မရှင် က ရခိုင်
ပဋိပက္ခများ အတွင်းအမိန့်ပေးခြင်းအရ တာဝန် ရှိမှုကို စနစ်တကျတိတိကျကျ
မဖေါ်ထုတ်ခဲ့ခြင်း အားဖြင့် ကာလုံနှင့် နေပြည်တော် အစိုးရကို အကာ အကွယ် ပေး
ရာရောက်သည်။ တပြည်လုံး တွင်ပြစ် မှုကြီးများ တောက်လျှောက် ဖြစ်ပွားကျူး
လွန်နေရာ၌ ကာလုံနှင့်နေပြည်တော် အစိုးရ၏တာဝန်ရှိမှုကို
ဆက်လက်ဖုံးကွယ်ထားနိုင်သည့် အုတ်မြစ်အားကော်မရှင်က ချပေး လိုက်ရာရောက်သည်။
နိဂုံးချုပ်သုံးသပ်ချက်
ကော်မရှင်၏ အစီရင်ခံစာတွင် လေ့လာအသုံးချသင့်သော
အကြောင်းအရာများလည်းပါရှိသည်။သို့ရာတွင် စာမျက်နှာ ၂၂ ရခိုင်ပြည်နယ်အတွင်း
ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်း များ ဟူသော ခေါင်းစဉ်အောက်တွင်
သုံးသပ်ချက် အများစုကြီးမှာထင်မြင်ချက် များကို စုစည်းဖေါ်ပြချက်များကဲ့သို့
ဖြစ်နေသည်။ တိတိကျကျအဖြေရှာမှုမတွေ့ရ။ မည်သည့် အမှန်တရားကိုမျှ ပြတ်သားစွာ
ဖေါ်ထုတ်ပြမထားပါ။
ကော်မရှင်သည် ဥပဒေစိုးမိုးရေး၏ အရေးပါလှသည့်အခြေခံများကို မထောက်ပြ၊
အစိုးရ၏ အမိန့်ပေးခြင်းအရတာဝန် ရှိမှုကို မဖေါ်ထုတ်၊ လွတ်လပ် ဘက်မလိုက်
အားကောင်းပြီး လူ့အခွင့်အရေးနှင့်ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာ သည့်
တိုင်းပြည် လုံခြုံရေး အဖွဲ့အစည်း[8]များ အဖြစ် အသွင် ပြောင်းလဲ ဖွဲ့စည်းရေးကို တွန်း အားမပေး၊ ပြစ်မှုကြီး များ ဖြစ် ပွား သည့်အခါတိုင်းမျှတသော တရားစီရင်စစ်ဆေးမှု[9]အခြေခံ
တွင် တရားရုံးများအား အားကိုးဖြေရှင်းနိုင်ကြစေ ရေး မီးမောင်းထိုးမပြခဲ့။
ယင်းတို့အစား တာဝန်ခံမှု မရှိသော ကာလုံ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ
တလက်ကိုင်လုံခြုံရေး အဖွဲ့ အစည်းများအား အင်အားနှစ်ဆတိုးကာ
ရခိုင်ပြည်နယ်တွင်ထပ်မံချထားရန်ကိုသာ အဓိကအားဖြင့် တွန်းအားပေး
လျှက်ရှိသဖြင့် ရေရှည်တွင် ရခိုင်ပြည်နယ်တွင်သာမက ပြည်ထောင်စု
တ၀ှမ်းလုံးမှာပင် သေနတ် ကိုဒူး ထောက်ရှစ်ခိုး၊ သေနတ်အောက် တွင်ပင်
အသက်ရှင်ခိုလှုံရမည့် ဘ၀သို့ လူထုကြီး တရပ်လုံးကျဆင်းစေအောင် ပြု
လုပ်လိုက်သကဲ့သို့ဖြစ်သည်။

No comments :
Post a Comment