Blogger Widgets

Sunday, 23 June 2013

ကျပ် ၁၅၀၀ တန်ဖုန်းများဖြင့် အာဆီယံ နိုင်ငံများသို့ ဖုန်းခေါ်ဆို၍ မရနိုင်

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ထုတ်လုပ်ရောင်းချသည့် ကျပ် ၁၅၀၀ တန် ဆင်းကတ်များဖြင့် အာဆီယံနိုင်ငံများသို့ တစ်မိနစ်လျှင် ကျပ် ၅၀ ဖြင့် မိုဘိုင်းဖုန်း ခေါ်ဆို၍ ရသည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း ခေါ်ဆို၍လည်း မရနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဆက်သွယ်ရေး သင်တန်းကျောင်းအုပ် ဦးကျော်စိုးက ဆိုသည်။
ဆက်သွယ်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ဦးကျော်စိုးက "ဒီကျပ် ၁၅၀၀ တန်ဖုန်းတွေနဲ့ ပြည်ပနိုင်ငံတွေကို ဖုန်းခေါ်လို့ ရတယ်ဆိုတာ မဟုတ်ပါဘူး။ ဘယ်လိုမှလည်း မဖြစ်နိုင်ပါဘူး။ အရင်ချပေးထားတဲ့ ကျပ် ၁၅ သိန်းတန် ဖုန်းတွေတောင် မရတာ သူတို့ ဘယ်လိုနည်းပညာတွေနဲ့ လုပ်လဲဆိုတာတော့ ဆရာလည်း မပြောတတ်တော့ဘူး။ ခေါ်လို့ မရတာတော့ အမှန်ပဲ တကယ်လို့သာ ခေါ်လို့ရရင် အခုလောက်ဆို မလွယ်တော့ဘူး။ လူတိုင်းနီးပါးလောက်မှာ ၁၅၀၀ တန်ဖုန်းတွေ ရှိတာပဲ ရတယ်မရဘူးဆိုတာ စမ်းကြည့်လို့ရတယ်" ဟု ဆိုသည်။
ဒီကျပ် ၁၅၀၀ တန်ဖုန်းတွေနဲ့ ပြည်ပနိုင်ငံတွေကို ဖုန်းခေါ်လို့ ရတယ်ဆိုတာ မဟုတ်ပါဘူး။ ဘယ်လိုမှလည်း မဖြစ်နိုင်ပါဘူး။ အရင်ချပေးထားတဲ့ ကျပ် ၁၅ သိန်းတန် ဖုန်းတွေတောင် မရတာ သူတို့ ဘယ်လိုနည်းပညာတွေနဲ့ လုပ်လဲဆိုတာတော့ ဆရာလည်း မပြောတတ်တော့ဘူး . . . . .
အပြင်တွင် ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းများဖြင့် အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်သည်ဟု သတင်းများ ထွက်နေကြောင်း ကျပ် ၁၅၀၀ တန်ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီးတွင် ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး တစ်လလျှင် ဆင်းကတ်အရေအတွက် ၃၅၀၀၀ ရောင်းချပေးကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top