Blogger Widgets

Sunday, 2 June 2013

မလေးရှားတွင် နေ့ခင်းဘက်၌ မြန်မာလူငယ် တစ်ဦး ဓားခုတ် ခံရ

လောလောဆယ်တော့ ဒီသတင်းကို ဦးရဲထွဋ်ဖော်ပြတဲ့ သတင်းနဲ့ တွဲပြီး မှားပြောနေကြပါတယ်။ သတင်းမှာ ရေးထားတဲ့စာတွေကို ဖတ်ကြည့်ရင် သိကြမှာပါ။
===================

မနေ့က မလေးရှားမှာ မြန်မာလူငယ် ယောက်ျားလေး တစ်ယောက် ဈေးနားမှာ.. အကြမ်းဖက် မွတ်ဆ လင်ေ တွ အုပ်စုဖွဲ့ပြီး ဓါးနဲ့ အခုတ်ခံ လိုက်ရတဲ့ အမှု ဖြစ်ပွားခဲ့ပါတယ်... 

ဖြစ်ပွားတာကတော့ ၁၁း၄၅ အချိန် Nasir မှာ ဖြစ်ပွားခဲ့ပါတယ်... ဖြစ်ပွားခဲ့ပြီး ချင်းမှာပဲ... ဓါးနဲ့ အခုတ် ခံ လိုက် ရတဲ့ မြန်မာယောက်ျားလေးဟာ... လည်ပင်းကို လှီးဖြတ်သွားတဲ့ ၁၉ စင်တီမီတာ လောက် နက်တဲ့ ဓါး ချက် ၆ ချက်ကြောင့် သေဆုံးသွားခဲ့ရပါတယ်...

Sentul နယ်မြေ တာဝန်ခံ ရဲအကြီး အကဲဖြစ်တဲ့... Superintendent Othman Abu Bakar က အသတ် ခံရတဲ့ သူဟာ... သူငယ်ချင်း နဲ့ အတူ မော်တော်ဆိုင်ကယ်စီးပြီး ပြန်လာတဲ့ အခါမှာ အကြမ်းဖက် မွတ်ဆ လင် အုပ်စုက ဓါးနဲ့ အခုတ်ခံ ရတဲ့ အကြောင်း... ဖြစ်ပွားတဲ့ နေရာမှာ မျက်မြင် သက်သေတွေ ရှိပြီး အ သတ် ခံရတဲ့ သူ့ရဲ့ သူငယ်ချင်းကတော့ လွတ်မြောက်သွားပေမယ့် အခု ဆေးရုံမှာ တင်ထားရကြောင်း.. အ သတ် ခံရတဲ့ သူရဲ့ ဆိုင်ကယ် ခြင်းထဲမှာ ဟင်းသီးဟင်းရွက်တွေနဲ့ ငါးတွေကို တွေ့ရှိရတဲ့အတွက်.. ဈေးက ပြန် လာတာ ဖြစ်နိုင်ကြောင်း နဲ့ လူသတ်မှုကို ဖော်ထုတ်ဖို့ ကြိုးစား ဆောင်ရွက်နေကြောင်း ပြောထား ပါတယ်... 

မူရင်းလင့် >>
ဦးရဲထွဋ် ပြောပြချက်ဟာ ဒီသတင်းနဲ့ ဆက်စပ်မှု မရှိပါဘူး။ နေရာကော၊ အဖြစ်အပျက်ကော တစ်ခြားစီပါ။ 
မလေး ရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိ မြန်မာဘုန်းတော်ကြီး ကျောင်းအနီးမှာ ရိုက်ပွဲဖြစ်တယ်၊ ဆလာ ရန်းမှာ ရိုက်ပွဲဖြစ်တယ်၊ မြန်မာတွေ သေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ တွေ့နေရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကို ညနေ ငါးနာရီကျော်ကတစ်ကြိမ်၊ အခု ည ၈နာရီကျော်က တစ်ကြိမ်၊အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ပါတယ်။

သံအမတ်ကြီးကအဲဒီဖြစ်စဉ်တွေမှန်ကန်မှုမရှိကြောင်း၊ မြန်မာ ဘုန်းတော်ကြီးကျောင်းက ဆရာတော် နဲ့ လည်း ညနေက စပြီး အဆက်အသွယ်မပြတ်ရရှိနေကြောင်း၊ ဆရာတော်က အဲဒီလို တိုက်ခိုက်မှုများ မရှိကြောင်ြးေ ပာတယ်လို့ အကြောင်းပြန်ပါတယ်။

အင်တာနက်ပေါ်က သတင်းများကို အလွယ်တကူမယုံကြည်ကြပါနဲ့။မလေးရှားအပါအ၀င် နိုင်ငံ တကာ မှာရှိနေ တဲ့ မြန်မာသံရုံးများကလည်း မြန်မာနိုင်ငံသားများကို ကာကွယ်ကူညီစောင့်ရှောက် ဖို့ အသင့် ရှိပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top