Blogger Widgets

Monday, 27 May 2013

NLDဗဟိုကော်မတီ အစည်းအဝေး စတင် ကျင်းပ

ရန်ကုန်-မေ၂၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့ ၂၇ မေလ ၂၀၁၃တွင် တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသည်။

အစည်းအဝေးသို့ပြည်နယ်တိုင်းများမှ ဗဟိုကော်မတီဝင်များတက်ရောက်ပြီးပြည်နယ်တိုင်းအလိုက်ဆွေးနွေး
သွားကြမည်ဖြစ်သည်။ နံနက်(၉)နာရီတွင်အစည်းအဝေးစတင်ပြီး ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်နယ်တိုင်းအလိုက် ဗဟိုကော်မတီဝင်များ၏ ဆွေးနွေးချက်စာတမ်း များကို ဆက်လက်တင်ပြလျက်ရှိကြောင်းNews and Information Department of NLDမှသိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top