ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကြီး တကယ်ဖြစ်မှာလား
” ပဲခူးမြို့မှာ တည်ဆောက်မယ့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကြီးဟာ
နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ
အကြီးဆုံးလေယာဉ်ကွင်းတစ်ခု လည်းဖြစ်ပါတယ်” ဟု ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး
ဦးဝေဇင်ထွန်းက ၂၀၁၃ မေ (၇)ရက်က ပဲခူးမြို့ ၊ ဥဿာမြို့သစ် ၊
ရပ်ကွက်ကြီး(၉)ရှိ မွန်စုကျေးရွာသားများ နှင့်
ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနခမ်းမတွင် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ကောလဟလ
သတင်းတစ်ပုဒ်တွင် အဆိုပါ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း
ကြီးတည်ဆောက်မည့်အစီအစဉ်မှာ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ၊
မြေသားအောက်တွင် စမ်းချောင်းများရှိနေသဖြင့် ကမ္ဘာ့အကြီးဆုံး(747)
လေယာဉ်ကြီးများဆင်းသက်ရန် မဖြစ်နိုင် ကြောင်း ၊ နိုင်ငံတကာလေယာဉ်ကြီးများ
ဆင်းသက်ရန် မင်္ဂလာဒုံလေယာဉ်ကွင်းသို့ စီစဉ်ထားကြောင်း ၊ အသေးစားကုန်တင် ၊
ကုန်ချလေယာဉ်များ နှင့် ခရီးသည် အနည်းအကျင်းသာ ဆံ့သည့်
အသေးစားလေယာဉ်များသာဆင်းသက်နိုင်တော့မည်ဖြစ်ကြောင်း စသဖြင့်ဖော်ပြပါရှိသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းစီမံကိန်းလက် ထောက်အင်ဂျင်နီယာ
ဦးအောင်သူက အဆိုပါကောလဟလ သတင်း နှင့် ပတ်သက်၍ မီဒီယာမှ
မေးမြန်းရာငြင်းဆိုခဲ့သည်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့်
အစိုးရက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးတစ်ခုဖြစ်ပေါ်ရန်
နေ့မအားညမအား အားသွန်ခွန်စိုက်ကြိုးပမ်းနေချိန် ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၀၈
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ခေတ် နှင့် မလျော်ညီသော
အုပ်စိုးသူလူတန်းစားများအား အကာအကွယ် ပေးနေသည့် ဥပဒေပါ ပြဌာန်းချက်များအား
ပြင်ဆင်နိုင်ရန်ကြိုးစားနေချိန် ၊ ၁၉၆၂ ခုနှစ် ဦးနေ၀င်းအစိုးရနောက်ပိုင်း
အစိုးရအဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များအနက် သမ္မတကြီးဦးသိန်းစိန်ကို
ယုံကြည်ပါသည်ဟု ပြောဆိုနေချိန်တွင် ဤကာလ ဤအချိန်တွင် ပြည်တွင်းပြည်ပ မှ
စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် သူ့ထက်ငါဦးအောင် အလုအယက်
ရင်းနှီးမြှပ်နှံရန် နှင့် အခြေချနေထိုင်ရန် ပုံသဏ္ဍာန်မျိုးစုံဖြင့်
ကြိုးစားနေသည်ကိုမြင်တွေ့ရပါသည်။ မြေကြီးက ရွှေသီးသည့်ခေတ်သို့
ရောက်ရှိလာပေပြီ။ မြေကြီး၏ တန်ဖိုးမှာ ခန့်မှန်း၍ မရပါ။ ဂျပန်နိုင်ငံတွင်
မြေကြီးကို လက်မနှင့် တိုင်းပြီး ၀ယ်နေကြသလို မြန်မာနိုင်ငံတွင်
ပေပေါင်းများစွာ ၊ ဧကပေါင်းများစွာ တို့၏ တန်ဖိုးမှာ မည်သို့မျှခန့်မှန်း၍
မရပါ။ ပဲခူးမြို့တွင် ယန်စီချန် ၊ ချင်စု ၊ ရှင်ဆောင်း ၊ ဂျိုးသိန်း ၊
မြန်စတားစ သည်ဖြင့် လုပ်ငန်းကြီး များတွင် လူအား ၊ ငွေအား နှင့် မြေအားပါ
ရင်းနှီးမြှပ်နှံထားသည်ကိုတွေ့ရသည်။ ကမ္ဘာ့လူသန်ကြီး ဟာကျုလီ နှင့်
သူရဲကောင်း အာခိလိတို့ စီးချင်းထိုးပွဲကို ပြန်အမှတ်ရမိသည်။ အာခိလိက
ငါ့၏ခြေဖ၀ါး နှင့် မဟာပထ၀ီမြေကြီး ထိကပ်နေသမျှ ငါ့အားမည်သူမျှမနိုင်ဟု
စိန်ခေါ်ကြွေးကြော်ခဲ့ဘူးကြောင်း ဖတ်ရသည်။ ဤသည်မှာ မြေကြီး၏
တန်ဘိုးပင်ဖြစ်သည်။ အဆိုပါမြေကြီး၏ တန်ဘိုးကို အဆိုပါမြေကြီးပေါ်တွင်
နှစ်ပေါင်းများစွာ နေထိုင်အသက်မွေးသူများကိုယ်တိုင်မသိပါ။
မြန်မာပြည်လွတ်လပ် ရေးမရခင်ကတည်းက ရေးဆွဲခဲ့သည့် အင်္ဂလိပ်မြေရာဥပဒေတွင်
မြေကြီးတန်ဖိုး နှင့် အဆိုပါမြေကြီးပေါ် ဆောင်ကြောင့်ထိုင်နေသူတို့၏
ရပိုင်ခွင့်များကို ဖော်ပြထားသော်လည်း အဆိုပါဥပဒေသည်
ဦးနေ၀င်းအစိုးရနောက်ပိုင်း တိမ်မြှပ်ပျောက်ကွယ်နေရာမှ ယနေ့
ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။ သို့သော်
ပြည်သူ့ရပိုင်ခွင့်ထွက် အုပ်ချုပ်သူ(ကော်လိတ္တော်အရာရှိ)တို့၏
လုပ်ပိုင်ခွင့်ကိုသာကွင်းကွတ်၍ ဖော်ပြထားသည်။စဉ်းစားစရာအချက်မှာ မြေရာဥပဒေ
နှင့် လုပ်ထုံးလုပ်နည်းတို့တွင် ပါရှိသည့် မြေကြီးတန်ဖိုး နှင့်
ပြည်သူ(ဌာနေဒေသခံ)တို့၏ အခွင့်အရေးများ ၊ အကာအကွယ်များ ၊နစ်နာကြေးများ ၊
ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ဤသည်ကို အခွင့်ကောင်းယူ၍ ဒေသအာဏာပိုင်များ
နှင့် ခရိုနီများ လက်ခမောင်းခတ်ကြလေပြီ။ အောက်ခြေက ငွေရွှင်ကြလေပြီ။
ဆယ်ကဏန်းမှသည် ရာဂဏန်း ၊ ထောင်ဂဏန်းဆီသို့ ၀င်ငွေများ စုပုံကြလေသည်။
စိတ်ထိခိုက်စရာကောင်းလိုပုံးများ။ ၂၀၁၃ မတ်လ (၁၇) ရက်နေ့ ညနေ ၆ နာရီခန့်က
ဟံသာဝတီအပြည်ပြည်ဆိုင်ရာ”လေယာဉ်ကွင်းစီမံကိန်း
နယ်မြေမကျူးကျော်ရ”ဆိုင်းဘုတ်အောက်ရှိ နွားတဲကုန်းကျေးရွာကလေးတွေင်
အော်ဟစ်ပြေးလွှားသံများ ၊ ငိုကြွေးဆူပွက်သံများ ကြားရသည်။ အကြောင်းမှာ
ပြောင်းရွှေ့နိုင်ခြင်းမရှိသေးသည့် ရွာခံအိမ်လေးလုံး
မီးရှို့ခံရသောကြောင့်ဖြစ်သည်။ စုံစမ်းကြည့်ရာ ရှို့မီးဟုသိရသည်။ မည်သူတွေက
မည်သည့်အကြောင်းကြောင့် ရှို့ခဲ့လေသနည်း။ အဖြေမှာ
အဆိုပါလေယာဉ်ကွင်းစီမံကိန်းနယ်မြေအတွင်းမှ ထွက်မသွားသောကြောင့်သိရသည်။ ၂
ခါပြန် ၊ ၃ ခါပြန် ခါတော်မီ ကျူးများဖြင့် ရ.ယ.က ဥက္ကဌများ ၊
ရပ်ကွက်စာရေးမများ ၊ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများ ၊ ခြံပွဲစားများက
လုပ်စားနေကြချန် စာရင်းမပါ ၊အင်းမပါဘဲ လစ်လျူရှုခံနေရသည့်
အပယ်ခံဒေသခံများမှာ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကြီး ဖြစ်ပေါ်ရေးထက်
၊ ပဲခူးမြို့ကြီး ခေတ်မှီဖွံ့ဖြိုးဖို့ထက် ၊ အဆင့်မြင့်အိမ်ရာများ
ဖြစ်ပေါ်ဖို့ထက် ၊ (၄၀×၆၀ )ပေ မြေတစ်ကွက်ကလေး ရရှိေ၇းမှာ သေရေးရှင်ရေး
တမျှအရေးကြီးနေကြောင်း ဒေသအာဏာပိုင်များ သတိပြုမိရန် နှင့်
ကိုယ်ချင်စာကြရန်လိုအပ်ပါသည်။ ဆင်းရဲမှု ပပျောက်ရေး နှင့်
တစ်အိမ်ထောင်မြေတစ်ကွက်ရရှိရေး စီမံကိန်းကြီး
အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေဟု အကောင်းမြင်ရင်း မောင်းတင်လိုက်ရပါသည်

Blogger Widgets
Back to Top
No comments :
Post a Comment