Blogger Widgets

Tuesday, 21 May 2013

ပုဂံ မြစည်းခုံဘုရားတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဆင်းတုတော်တစ်ဆူ ခိုးယူခံရ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဝက်ကြီးအင်းရပ်အနီး ဧရာဝတီမြစ်နံဘေးတွင် တည်ရှိသော မြစည်းခုံ ဘုရားတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဆင်းတုတော်တစ်ဆူ ခိုးယူခြင်းခံရကြောင်း ပုဂံရဲစခန်းမှသိရသည်။ မြစည်းခုံဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဇောတိသာရသည် မေ ၁၉ ရက်ညနေပိုင်းက ဘုရားပေါ်တက်ရောက် စဉ်
ဘုရားအရှေ့ဘက်မုခ်အတွင်းရှိ ဆင်းတုတော်ခိုးယူခံထားရခြင်းကိုတွေ့ရှိခဲ့ကြောင်းသိရသည်။'အစက ပြုပြင်စရာရှိလို့ တံခါးဖွင့်ထားလို့ ဘုန်းကြီးကထင်နေတာ။ပြီးမှ အခိုးခံရမှန်းသိတယ်။ ရဲတွေလည်းလာပြီး စစ်ဆေးသွားတယ်။''ဟု မြစည်းခုံကျောင်းမှ ဦးပဉ္ဇင်းတစ်ပါးမိန့်သည်။ ဆင်းတုတော်သည် အမြင့်ဥာဏ်တော် လေးပေခန့်ရှိ သော သစ်သားဆင်းတုတော်တစ်ဆူဖြစ်ကြောင်း၊ ခိုးယူသူသည် သော့များကို ဖျက်ဆီးကာ ဆင်းတုတော်အောက်ခြေပိုင်းမှ ရိုက်ချိုး ခိုးယူသွားခြင်းဖြစ်ကြောင်းသိရသည်။ ဆင်းတုတော်ခိုးယူခံရမှုနှင့်ပတ်သက်၍ ပုဂံရဲစခန်းမှ အမှုဖွင့်အရေးယူစုံစမ်းစစ်ဆေး လျက်ရှိကြောင်းလည်း သိရသည်။ ပုဂံရှေးဟာင်းယဉ်ကျေးမှုနယ်မြေအတွင်း လွန်ခဲ့သောတစ်ပတ်ကျော်ခန့်ကလည်း တောင်ဘီကျေးရွာအုပ်စု၊ဆုတောင်း ပြည့်ဘုရားအနီးရှိ ဗူးဘုရားကျောင်းစာရင်းဝင် ပျူစောထီးကျောင်းမှ ဥာဏ်တော်အမြင့် (၁)ပေ(၆)လက်မရှိသော မကိုဋ်ပါ မဟာ မြတ်မုနိပုံစံတူ ကျောက်ဆင်းတုတော်တစ်ဆူ ခိုးယူခြင်းခံခဲ့ရကြောင်းသိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top