မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အမှတ် (၂)နယ်မြေ၊ နီးပါးတန်း
ရပ်ကွက်ရှိ ဘေးလုံ ပရိယတ္တိ စာသင်တိုက်တွင် မေလ ၈ ရက်နံနက်ပိုင်းက သံဃာတော်
၁၂ ပါးနှင့် လူ ၃ ဦး အစာအဆိပ်သင့် မှုဖြစ်ပွားခဲ့သည်။
စာသင်တိုက်တွင် ပြုလုပ်သည့် အလှူမှ ကျွေးမွေးသော ကြက်သား ဒံပေါက်နှင့်
ချည်ရည်ဟင်း၊ ငါးပိကြော် တို့ကို နံနက် ၅နာရီအချိန်ခန့် က
အရုဏ်ဆွမ်းဘုဉ်းပေးပြီး ၄၅ မိနစ်ခန့်အကြာတွင် သံဃာ ၁၂ ပါးနှင့် စားသုံးမိသူ
သုံးဦးတို့ အော့အန်ခြင်း၊ မူးဝေခြင်း၊ ၀မ်းလျှောခြင်းဖြစ်ပေါ်ကာ တံတားဦး
မြို့နယ်ဆေးရုံ သို့ ပို့ဆောင်ကုသခဲ့ကြောင်း ကျောင်းတိုက်မှ စာချဆရာတော် ဦးပဏ္ဍိစ္စက မိန့်ကြားသည်။
“ငါးပါးကတော့ လိုအပ်တာတွေ ကုသပြီး နေ့ချင်းဆင်းလာတယ်။ ကျန်တဲ့
ခုနစ်ပါးကတော့ (မေ ၁၀ ရက် ) လောက်ကျရင် ဆင်းရမယ် ပြောတယ်။ လူသုံးယောက်ကတော့
ဒီနေ့ဆင်းခွင့်ရမယ်ကြားတယ်။ စိုး ရိမ် စရာအခြေအနေမရှိတော့ပါဘူး"ဟု ဆရာတော်က မိန့်ကြားသည်။
အလှူရှင်ဆွေမျိုးများအပါအ၀င် ကျောင်းတိုက်အတွင်းရှိ သံဃာအချို့နှင့်
အလှူလာဧည့်သည်အချို့ မူးဝေအော့အန်ကာ အစာအဆိပ်သင့်ဒဏ်ကို ခံစားခဲ့ရကြောင်း၊
ဆေးရုံတက်ကုသရသည့် အခြေအနေ မ ရောက်ခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ သည့်
ဆရာတော်အချို့က မိန့်ကြားသည်။ ဆေးရုံတက်သံဃာများတွင်
ပထမပြန်စာမေးပွဲဖြေဆိုနေသည့် သံဃာ ငါးပါးပါဝင်သဖြင့် စာမေးပွဲကို
ရပ်ဆိုင်းလိုက်ရကြောင်း ဆရာတော်က မိန့်ကြားသည်။
“ကျောင်းကအသက်
ကိုးနှစ် လောက်ပဲရှိသေးတဲ့ ကိုရင်လေးဆို ပါးစပ်ထဲက အရည်တွေထွက်လာတယ်။
ဆေးတွေ လို ပဲ နံလည်းနံတယ်”ဟု ယင်းကျောင်းမှ ဆရာတော် ဦးဝိမလက မိန့်ကြားသည်။
တံတားဦးမြို့နယ် ဆေးရုံအုပ် ကြီးက ယင်းကိစ္စနှင့် ပတ်သက်၍ပြန်လည်ဖြေကြားခြင်းမပြုပေ။ တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တို့ထံမှလည်း အတည်ပြုချက်မရပေ
အလှူရှင်ဆွေမျိုးများအပါအ၀င် ကျောင်းတိုက်အတွင်းရှိ သံဃာအချို့နှင့် အလှူလာဧည့်သည်အချို့ မူးဝေအော့အန်ကာ အစာအဆိပ်သင့်ဒဏ်ကို ခံစားခဲ့ရကြောင်း၊ ဆေးရုံတက်ကုသရသည့် အခြေအနေ မ ရောက်ခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ သည့် ဆရာတော်အချို့က မိန့်ကြားသည်။ ဆေးရုံတက်သံဃာများတွင် ပထမပြန်စာမေးပွဲဖြေဆိုနေသည့် သံဃာ ငါးပါးပါဝင်သဖြင့် စာမေးပွဲကို ရပ်ဆိုင်းလိုက်ရကြောင်း ဆရာတော်က မိန့်ကြားသည်။
“ကျောင်းကအသက် ကိုးနှစ် လောက်ပဲရှိသေးတဲ့ ကိုရင်လေးဆို ပါးစပ်ထဲက အရည်တွေထွက်လာတယ်။ ဆေးတွေ လို ပဲ နံလည်းနံတယ်”ဟု ယင်းကျောင်းမှ ဆရာတော် ဦးဝိမလက မိန့်ကြားသည်။
တံတားဦးမြို့နယ် ဆေးရုံအုပ် ကြီးက ယင်းကိစ္စနှင့် ပတ်သက်၍ပြန်လည်ဖြေကြားခြင်းမပြု

No comments :
Post a Comment