Blogger Widgets

Friday, 2 October 2015

နိုင်ငံတကာက မော်ကြည့်နိုင်သည့် နိုင်ငံဖြစ်ရန် ကြိုးစားမည်ဟု NLD နာယက ဦးတင်ဦး ပြောကြား

NLD ပါတီ ကိုယ်စားလှယ်များအနေနှင့် မိမိတို့နိုင်ငံကို နိုင်ငံတကာက မော်ကြည့်နိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်စေဖို့ ကြိုးစားဆောင်ရွက်နိုင်ရန် အတွက်လူထုက NLD ကို လွှတ်တော်ထဲ အရောက်ပို့ပေးရန် တောင်းဆိုကြောင်း အောက်တိုဘာလ ၁ ရက်နေ့က စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ NLD နာယက ဦးတင်ဦးက ပြောကြားသည်။
ဦးတင်ဦးသည် အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့တွင် သီတဂူဆရာတော် ဘုရားကြီးကို သွားရောက် ဖူးမြော်ခဲ့ပြီး တိုင်းပြည်ကောင်းစေချင်ပါက NLD ပါတီဝင်များ အနေနှင့် လူကောင်းများ ဖြစ်ရန် လိုအပ်သည်ဟု ဆရာတော်ကြီးက သြဝါဒပေးခဲ့ကြောင်း ဦးတင်ဦးက စစ်ကိုင်းမြို့ လူထုတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
ထို့အပြင် ဆရာတော်ကြီးက NLD ပါတီကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်လည်း သြဝါဒ ချီးမြှင့်ခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်သည့် စစ်ကိုင်းမြို့ခံများထံမှ သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top