Blogger Widgets

Saturday, 19 April 2014

သင်္ဘော Sewol ရဲ့နောက်ဆုံးချိန်များ

သင်္ဘောနစ်မြုပ်ခဲ့သည်မှာ ၂၄ နာရီ ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်၊ ဒီအချိန်အထိ (၁၇၉)ဦးသာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သင်္ဘောနစ်မြုပ်သွားပြီဖြစ်သော်လည်း ရေငုပ်သမား ၅၀၀၊ လှေသင်္ဘောပေါင်း (၁၆၉)စီး၊ ရဟတ်ယာဉ် (၂၉)စီးနဲ့ ဆက်လက်ရှာဖွေလျှက်ရှိပါတယ်။

သင်္ဘောရဲ့အမည်က Sewol ဖြစ်ပြီး ၆၈၂၅ တန် လေးပါတယ်၊ အဲဒီသင်္ဘောပေါ်မှာ အန်ဆန်က ဒန်ဝန်အထက်တန်းကျောင်း
က လေ့လာရေးခရီး လိုက်ပါလာတဲ့ ကျောင်းသား (၃၇၅)ဦး၊ ဆရာ/ဆရာမ (၁၄)ဦး လိုက်ပါစီးနင်းခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ Park Geun-hye ကိုယ်တိုင်ရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေးကို မိနစ်/စက္ကန့်တိုင်း ကြိုးစားရှာဖွေဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီသင်္ဘောပေါ်မှာ အသက်ကယ်လှေတွေ၊ အသက်ကယ်အင်္ကျီတွေ အပြည့်အစုံပါခဲ့ပေမည့် လွတ်မြောက်အောင် ဆောင်ရွက်ဖို့ နစ်မြုပ်တဲ့အချိန် အရမ်းတိုတောင်းခဲ့တာပါပဲ။

No comments :

Post a Comment

Blogger Widgets
Back to Top