Blogger Widgets

Thursday, 24 April 2014

ကြည့်မြင်တိုင်မြို့နယ်၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

Image and video hosting by TinyPic
ရန်ကုန်၊ ဧပြီ ၂၃
၂၁.၄.၂၀၁၄ရက်နေ့ ၁၄၅၀အချိန်တွင်ကြည့်မြင်တိုင်မြို့မရဲစခန်းမှ နယ်ထိန်း
အရာရှိနှင့်အဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော(၂) လမ်းထိပ်၌အမျိုးသားတစ်ဦး မူးယစ်
ဆေးဝါးရောင်းချရန် ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စုံစမ်း
ဖမ်းဆီးခဲ့ပါသည်။
ထိုသို့ဖမ်းဆီးခဲ့ရာ အဆိုပါနေရာ၌သတင်းရရှိထားသောမင်မင်း(ခ)ရဲဝင်းနိုင်၊ (၃၃)နှစ်၊ (ဘ)ဦးဟန်တင်၊ ကလောမြို့နယ်၊ ရှမ်းပြည်နယ်နေသူကိုတွေ့ရှိ
ရသဖြင့် သက်သေများရှေ့ စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ရှပ်အင်္ကျီဝဲဘက်အိတ်ကပ်အတွင်းမှ အနက်ရောင်ပလပ် စတစ်အပိုင်းအစ
ဖြင့်ထုပ်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၅)ပြား၊ အတွင်း ခံဘောင်းဘီအတွင်းမှ အနက်ရောင်ပလပ်စတစ်ဖြင့်ထုပ်ထားပြီး အနက်ရောင်ရှုံ့အိတ် အတွင်းထည့်လျက် WY စာတမ်းပါပန်းရောင်
စိတ်ကြွဆေးပြား (၁၇၀)ပြား၊ စုစုပေါင်းဆေးပြား (၁၇၅)ပြား၊ စုစုပေါင်း
အလေးချိန်(၁၇.၅)ဂရမ်နှင့် မူးယစ်ဆေးဝါးရောင်းချရရှိငွေကျပ်(၁၁၅၀၀၀)
တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ယင်းကဲ့သို့ မူးယစ်ဆေးဝါးများ တွေ့ရှိဖမ်းဆီးရမိသဖြင့် မင်းမင်း(ခ)
ရဲဝင်းနိုင်ကို ကြည့်မြင်တိုင် မြို့မရဲစခန်း မယ(ပ)၂/၂၀၁၄၊ မူး/စိတ်
ပုဒ်မ-၁၅/၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top