Blogger Widgets

Monday 25 November 2013

ဦးမိုးဟိန်းကိုတရားစွဲဆိုရာတွင် ဒေါ်ကြိုင်ကြိုင်နှင့် သမီးတော်များမှ ဦးတေဇဘက်မှ အပြည့်အဝရပ်တည်သွားမည်ဟုဆို

Hawdeka Khalaylay
(နေပြည်တော်သတင်း)

အရင်က မော်တောင် မကြည့်ရဲတဲ့ အကောင်တွေက အခုမှ လာပြီး စွာကျယ်စွာကျယ်လုပ်နေတယ် ၊ ဒီမယ်ပြန်ပြောလိုက်ပါ လက်တုန့်ပြန်သွားမယ်လို့ အဲဒီအချိန်ကျမှ သူရဲဘောကြောင်ပြီး ထွက်မပြေးနဲ့လို့ ၊ လူကိုလာမစွနဲ့နော် ဘာမှတ်နေလဲ ၊ နဂါးမှန်းသိအောင်အမောက်ထောင်ပြမှဖြစ်မယ် ၊ ဒီမယ်ဟေ့ ငါ့သမီးတွေ နဲ့ အားလုံးတိုင်ပင်ပြီးပြီ ၊ မင်းဖေ့ဘုတ်ကနေ ပြန်ရေးဖြစ်အောင်ရေးနော် ၊ ငါပြောတာတွေ အားလုံးပါအောင်ထည့်ရေး ၊ ငါ့အကြောင်းသိတယ်နော် ကြားလား ၊ ပြီးတော့ နောက်အပတ်ထဲ နေပြည်တော်တက်လာခဲ့အုံး ဟုတ်လား ၊

မနက်စောစော ဒေါ်ကြိုင်ကြိုင်တစ်ယောက် အော်ဟစ်ပြီး ဖုန်းပြောနေခြင်းဖြစ်သည် ၊ တစ်ဖက်က ဖုန်းဖြေသူမှာ ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုသည့် စကားသာ ပြန်ပြောနိုင်သည် ၊ ဒေါ်ကြိုင်ကြိုင်တစ်ယောက် ဒေါပွနေသည်မှာ အထင်းသားဖြစ်သည် ၊ နံဘေးတွင် သမီးတော်တစ်သိုက်လည်းရှိနေကြသည် ၊ ကျွန်းပါကေး အထူခင်းထားသော ကြမ်းပြင်တွင်မူ ဒီကနေ့ထုတ် သူရိယနေဝန်း သတင်းစာရွက်များက ဆုတ်ဖြဲထားသဖြင့် တစစီ ပြန့်ကျဲနေသည် ၊
ဘာမှ ပြန်မပြောဘူးဆိုပြီးကြည့်နေတာ ဒင်းတို့ ရောင့်တက်လာကြတယ် ၊ ဒီတစ်ခါတော့ မှတ်လောက်သားလောက်အောင် ဆော်ပြစ်လိုက်မယ် ၊

ဒေါ်ကြိုင်ကြိုင်ကဆက်ပြောခြင်းဖြစ်သည် ၊

အင်း အမေကြိုင် နဲ့ သမီးတော် တွေ ပါလာပြီဆိုရင်တော့ ဟို ဦးမိုးဟိန်းဆိုတဲ့ သူတော့ မလွယ်လောက်ဘူး ၊ အမေကြိုင်တို့က ကြောက်စရာကောင်းတယ် ၊ နောက်ထပ် ငါးလောင်းပြိုင် ဆယ်လောင်းပြိုင်တွေများ ထပ်ဖြစ်နေမလားမသိဘူးနော် ၊

ဒေါ်ကြိုင်ကြိုင်အိမ်မှ အိမ်စေများက တီးတိုးပြောရင်း သက်ပြင်းချနေကြသည် ၊

(နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည်)

No comments :

Post a Comment

Blogger Widgets
Back to Top