Blogger Widgets

Saturday 1 June 2013

မော်လမြိုင်ဂေါက်ကွင်း အဆင့်မြှင့်ရန်နှင့် ဟိုတယ်ဆောက်ရန် ထိုင်းဘတ် သန်း ၁,၀၀၀ အကုန်အကျခံမည်

မော်လမြိုင် (မဇ္ဈိမ)။   ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငန်းတေး ဂေါက်ကွင်းကို အဆင့်မြင့် ဂေါက်ကွင်းအဖြစ်
မြှင့်တင်ရန်နှင့် ထိုအထဲတွင် အဆင့်မြင့် ဟိုတယ် တည်ဆောက်ရန်အတွက် ထိုင်းကုမ္ပဏီ တခုက ဘတ်ငွေ သန်း တထောင် (ကျပ်ငွေ ၃၁ ဘီလီယံ) အကုန်အကျခံမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရနှင့် ကြာသပတေးနေ့ က သဘောတူခဲ့ကြသည်။
ဇွန်လ ဒုတိယပတ်အတွင်း နေပြည်တော်၌ လက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး MIAC ထိုင်းကုမ္ပဏီနှင့်
မြန်မာနိုင်ငံမှ ဂန္ဓာဦး ဆောက်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်းကာ စီမံကိန်းကို တနှစ်အတွင်း အကောင်အထည်
ဖော် လုပ်ဆောင်သွားမည်ဟု သိရသည်။
“ထိုင်းကုမ္ပဏီတွေက ပြည်နယ်အစိုးရအဖွဲ့ လာဆွေးနွေးတာ။ နေရာ လာကြည့်ထားပြီးသားပဲ” ဟု ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူ တဦးက ဆိုသည်။
ထိုင်းနိုင်ငံမှ MIAC ကုမ္ပဏီသည် သံလွင်ဥယျာဉ်ကိုလည်း အဆင့်မြှင့်ရန် ပြည်နယ် အစိုးရအဖွဲ့နှင့်
ဆွေးနွေးထားသော်လည်း ဂေါက်ကွင်းကို ဦးစွာ အထည်ဖော်သွားမည်ဟုလည်း ကုမ္ပဏီ တာဝန်ရှိသူက
ပြောသည်။
မွန်ပြည်နယ်အတွင်း စီးပွားရေး ရင်းနှီးမြုပ်နှံရန် လာရောက်ဆွေးနွေးကြသည့် လုပ်ငန်းရှင်များအနက် ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် မကြာခဏ လာရောက် တွေ့ဆုံဆွေးနွေးလေ့ရှိသည်။
အများစုမှာ ဆွေးနွေးထားသည့် အဆင့်တွင်သာရှိကြပြီး ယခု MIAC ကုမ္ပဏီသည်သာ လုပ်ငန်း အကောင် အထည် ဖော်ရန် သဘောတူ လက်မှတ်ရေးထိုးနိုင်ခြင်း ဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top