Blogger Widgets

Saturday, 1 June 2013

မြန်မာနိုင်ငံ၌ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး စားသုံးသူများ အပြည်ပြည်ဆိုင်ရာအဖွဲ့မှ အချက်အလက်များ ကောက်ခံ

6.1.12
ရန်ကုန်မြို့ရှိ ဈေးတစ်ခုတွင် စားသောက်ကုန်များ ရောင်းချနေသော ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၌ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် စားသုံးသူများ အပြည်ပြည်ဆိုင်ရာအဖွဲ့ (Consumers International) မှ ကနဦး အချက်အလက်များ စတင်ကောက်ခံလျက်ရှိကြောင်း စားသုံးသူများ အပြည်ပြည်ဆိုင်ရာအဖွဲ့မှ အကြီးအကဲ Ms.Indrani Thuraisingham ၏ ပြောကြားချက်အရ သိရသည်။
အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းများ စတင်လုပ်ဆောင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ''Strategies For Improved Food Safety In Southeast Asia'' ပွဲတွင် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဟာဆိုရင် လာမယ့် ၂၀၁၄ မှာအာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမယ်။ ပြီးတော့ ၂၀၁၅ မှာလည်း အာဆီယံနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်တွေ ရလာတော့မယ်။ အဲဒီအခါ ဒီလိုနိုင်ငံတွေမှာ အစားအသောက် လုံခြုံမှုနဲ့ ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ တင်းကြပ်တဲ့ စည်းကမ်းချက်တွေ မရှိဘူးဆိုရင် တခြားနိုင်ငံတွေက အန္တရာယ်ရှိတဲ့ အစားအသောက်တွေ အလွယ်တကူ ၀င်လာနိုင်တယ်...

''အခုလုပ်မယ့် နိုင်ငံလေးနိုင်ငံလုံးက ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်တယ်။ အစားအသောက် လုံခြုံမှုနဲ့ပတ်သက်ပြီး ဒီနိုင်ငံတွေမှာ အားနည်းချက်တွေ ရှိနေတယ်။ မြန်မာနိုင်ငံဟာဆိုရင် လာမယ့် ၂၀၁၄ မှာအာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမယ်။ ပြီးတော့ ၂၀၁၅ မှာလည်း အာဆီယံနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်တွေ ရလာတော့မယ်။ အဲဒီအခါ ဒီလိုနိုင်ငံတွေမှာ အစားအသောက် လုံခြုံမှုနဲ့ ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ တင်းကြပ်တဲ့ စည်းကမ်းချက်တွေ မရှိဘူးဆိုရင် တခြားနိုင်ငံတွေက အန္တရာယ်ရှိတဲ့ အစားအသောက်တွေ အလွယ်တကူ ၀င်လာနိုင်တယ်။ အဲဒီအခါ နိုင်ငံမှာရှိတဲ့ သူတွေမှာလည်း အစားအသောက် ဘေးကင်းလုံးခြုံမှု မရနိုင်တော့ပါဘူး။ ဒါကြောင့် ဒီလိုလုပ်ငန်းတွေကို ဆောင်ရွက်နေတာပါ'' ဟု စားသုံးသူများ အပြည်ပြည်ဆိုင်ရာအဖွဲ့မှ အကြီးအကဲ Ms.Indrani Thuraisingham က ပြောပြခဲ့သည်။
ထို့ပြင် အစားအသောက်နှင့် ပတ်သက်၍ နည်းဥပဒေ စံချိန်စံညွှန်းများ သတ်မှတ်ရေး၊ အစားအသောက် ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းများ ထားရှိရေး၊ အစားအသောက်များကို အရည်အသွေးမြှင့် လုံခြုံစိတ်ချမှု ရှိစေရေးအတွက် အဆင့်မြင့် ဓာတ်ခွဲခန်းများ၊ အစားအသောက်ကြောင့် ဖြစ်လာနိုင်သည့် ရောဂါများကို စောင့်ကြည့် စစ်ဆေးရေးစနစ်များ၊ အစားအသောက်များ စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်း၊ အသိပညာ ဖြန့်ဝေရေး စသည့်လုပ်ငန်းများကိုလည်း ယင်းစီမံချက်တွင် ထည့်သွင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
စားသုံးသူများ အပြည်ပြည်ဆိုင်ရာအဖွဲ့ (Consumers International)သည် ယူကေနိုင်ငံ အခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်းနှင့် လက်ရှိတွင် နိုင်ငံပေါင်း ၁၂၀ ၌ အသင်းဝင် အဖွဲ့အစည်းပေါင်း ၂၄၀ ဖြင့် စားသုံးသူများ၏ အခွင့်အရေးနှင့် ပတ်သက်သည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top