Blogger Widgets

Saturday, 1 June 2013

ရန်ကုန်တက္ကသိုလ်က ဘွဲ့ရသူတွေအနေနဲ့ ဘွဲ့ရပြီး အလုပ်အကိုင်ကမရှိ၊ ဘာပညာမှလည်း

  ရန်ကုန်တက္ကသိုလ်က ဘွဲ့ရသူတွေအနေနဲ့ ဘွဲ့ရပြီး အလုပ်အကိုင်ကမရှိ၊ ဘာပညာမှလည်း မတတ် ဖြစ်နေ တယ်ဆိုပြီး အိမ်မှာဘွဲ့ဓာတ်ပုံအလှချိတ် လို့ရတဲ့ အနေအထားမှာပဲ ရှိတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဝေ ဖန်ြေ ပာဆိုပြီး ဂျာနယ်တစ်စောင်မှာဖတ်ခဲ့ရပါတယ်။ အမှန်တော့ အခုလိုစကား မျိုးကို ဟာသ လူရွှင်ေ တာ်ေ တွ ပြောမယ်ဆိုရင် အလွန်ရီစရာ ကောင်းတဲ့ ပျက် လုံးတစ်ခုဖြစ်ပေမဲ့ ဒေါ်အောင်ဆန်း စုကြည်လို အား လုံးက လေးစားရ တဲ့ ဒီမိုကရေစီခေါင်းဆောင် တစ်ဦးက ပြောကြားလာတာကတော့ ကျောင်းက ဆ ရာတွေရော၊ ကျောင်းသားတွေပါ ဒီစကားကိုလက်မခံနိုင်ပါဘူး။ မြန်မာနိုင်ငံပညာရေးစနစ်က အလွန်ညံ့တဲ့ အကြောင်း ပြောချင်တာနဲ့ မြန်မာပြည်က ဘွဲ့ရတဲ့သူတွေကို ၀ါးလုံးရှည်ကြီးနဲ့ သိမ်းကြုံးရမ်း လိုက်တာဖြစ် ပါတယ်။

မြန်မာနိုင်ငံတက္ကသိုလ်တွေက ဘွဲ့ရပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ အတတ် ပညာ ပိုင်းဆိုင်ရာတွေ၊ အသိ ပညာ ပိုင်းဆိုင်ရာတွေမှာ အလုပ်အကိုင် ကောင်းကောင်းတွေရပြီး လုပ်ကိုင်နေကြတဲ့သူတွေအများကြီးပါ။ မြန်မာပြည် မှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခဲ့လို့ ပြည်ပမှာသွားရောက် အလုပ်လုပ်နေကြတာပါ။ ပြောရ မယ်ဆို အဲဒီအချိန်အခါတုန်းက စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်မရှိလို့ နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ကြရတာပါ။ ကိုယ့်နိုင်ငံကို အထင်သေးလို့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ရန်ကုန် တက္ကသိုလ်က မဟာဘွဲ့ရပြီး အခု ဂျပန်နိုင်ငံ ပါရဂူဘွဲ့ တက်ရောက်နေပါတယ်။ ဘာပဲပြောပြော ရန် ကုန် တက္ကသိုလ်က Master ပြီးထားတဲ့ ကျောင်းသားတစ်ယောက် နိုင်ငံတကာ အဆင့်မှီ ဂျပန်တက္က သိုလ် မှာ အခြားကျောင်း သားတွေနဲ့ အရည်အချင်းတူ တက်ရောက်နိုင်ပါတယ်။ ဒါကျွန်တော် တစ်ေ ယာက် ထဲ မဟုတ်ပါဘူး။ ကျွန်တော့်လို ရန်ကုန် တက္ကသိုလ်က ကျောင်းပြီးသွားပြီး နိုင်ငံတကာ အဆင့်မှီ တက္ကသိုလ် ကြီးေ တွမှာ ဘွဲ့လွန်ပညာတွေ တက်ရောက်နေတဲ့သူတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ သင်ကြား ခဲ့ ရတဲ့ ပညာရေးစနစ်တွေ မှာ အားနည်းချက်တွေရှိပေမဲ့ ဘယ်တုန်းကမှ ကိုယ့်နိုင်ငံက သင်ပေး လိုက်တဲ့ ပညာရေးစနစ် ညံ့ဖျင်းလွန်းတယ်လို့ တစ်ခါမှမပြောဖူးပါဘူး။

ရန်ကုန် တက္ကသိုလ်က ဘွဲ့ရသူတွေဟာ “ တက္ကသိုလ်မှာ ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေအတွက် ရလိုက်တဲ့တစ်ခု တည်းေ သာ အကျိုးအမြတ်က ဘွဲ့ယူတဲ့အခမ်းအနားမှာ ရိုက်တဲ့အမှတ်တရဓါတ်ပုံပဲ” လို့ ပြောတာကတော့ ဘွဲ့ပေးနေ တဲ့ တက္ကသိုလ်ပညာရေးကောင်စီကိုရော၊ မြန်မာနိုင်ငံ တက္ကသိုလ်ေ တွက ဘွဲ့ရခဲ့တဲ့သူတွေ အား လုံး ကိုပါ စော်ကားရာ ရောက်ပါတယ်။ ဘွဲ့ရပြီး အလုပ်မရသေးတဲ့နိုင်ငံဆိုတာ ကမ္ဘာမှာ မြန်မာ တစ်နိုင်ငံ ထဲမဟုတ်ပါဘူး။ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှာတောင် ဒီပြဿနာတွေ ရှိနေတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာပြည်ကပေးတဲ့ဘွဲ့ကို တန်ဘိုးမ ထားပေ မယ့် တက္ကသိုလ်ကဘွဲ့ရတဲ့ သူ တိုင်း က တန်ဖိုးထားကြပါတယ်။ မြန်မာနိုင်ငံ မှာရှိတဲ့ တက္ကသိုလ်တွေအားလုံးဟာ နိုင်ငံတကာနဲ့ ယှဉ်ပြီး အဆင့်မီစွာ သင်ကြားပေးနေတယ်လို့တော့ မဆိုလိုပါ။ ပညာတကယ် တတ်တယ်၊ မတတ်ဘူး ဆိုတာ ကတော့ သင်ယူသူတွေရဲ့ စိတ်ပါဝင်စားမှု အပေါ်မှာပဲမူတည်တာပါ။ တကယ်တော့ ပညာသင်ယူတယ် ဆိုတဲ့ အပေါ်မှာလဲမိဘက ပိုက်ဆံချမ်းသာလို့ ကျောင်းကို အပျော်သဘောမျိုးနဲ့ လာတက်တဲ့သူတွေအပြင် တကယ် ကို နိုင်ငံအတွက် တစ်တောင့်တစ်နေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ဖြည့်ဆည်းချင်လို့ လာရောက် သင်ကြားတဲ့ သူတွေလည်းရှိပါတယ်။ အပျော်သဘောမျိုးနဲ့ လာတက်တဲ့သူတွေအနေနဲ့ ပညာေ ရး ကို စိတ်မဝင်းစားဘဲ နိုင်ငံရေးသမားလိုလို၊ စီးပွားရေးသမားလိုလို လုပ်နေတဲ့အတွက် သိကြား မင်းကြီး ဆင်းပြီး လာသင်ပေးရင်တောင် တတ်မှာမဟုတ်ပါဘူး။ အဲ့ဒီလိုလူတွေအတွက်ကတော့ ဒေါ်အောင်ဆန်း စုကြည် ပြောသလိုမျိုး ဖြစ်ချင်ဖြစ်နိုင်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားဟာ ကျောင်းသားအချို့အတွက် မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဒေါ်အောင် ဆန်းစုကြည် ပြောတဲ့စကားကို ကျွန်တော်အပါအဝင် အမိရန်ကုန်တက္ကသိုလ်ရဲ့ ပညာနို့ရည် သောက် သုံးခဲ့ကြတဲ့ ညီအကိုမောင်နှမ အများစုကတော့ လက်ခံမှာမဟုတ်သလို ပညာသင်ကြားပေး ခဲ့ကြ တဲ့ တက္ကသိုလ်က ဆရာ၊ ဆရာမကြီးများကလဲ လက်ခံနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ မြန် မာပြည် တက္ကသိုလ်တွေက ဘွဲ့ရတဲ့ သူတွေအပေါ်မှာ စော်ကားမော်ကားပြောဆိုခြင်းမျိုးကို ကန့်ကွက် ပါတယ်လို့ ပြောချင်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top