Blogger Widgets

Wednesday, 8 May 2013

MAI လေကြောင်းလိုင်း ဂျပန်နှင့် ကိုရီးယားကို ပြေးဆွဲရန် စီစဉ်

ပြည်တွင်း အခြေစိုက် လေကြောင်းလိုင်းတခု ဖြစ်သည့် MAI က ဂျပန်နိုင်ငံနှင့်
တောင်ကိုရီးယားနိုင်ငံ တို့သို့ တိုက်ရိုက် ပြေးဆွဲရန်စီစဉ်နေကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူတဦးထံမှ သိရသည်။
“၂၀၁၃ ခုနှစ် မကုန်ခင် ပြေးဆွဲနိုင်မှာပါ။ လက်ရှိ MAI အနေနဲ့ ပြည်ပ နိုင်ငံတွေနဲ့ တိုက်ရိုက် ပျံသန်း
ပြေးဆွဲနေတာတွေ ရှိပါတယ်။ ရန်ကုန်-ဘန်ကောက် တိုက်ရိုက်လေကြောင်းလိုင်းကို ၁၉၉၃ ခုနှစ် ကတည်းက စတင်ပြေးဆွဲနေတာပါ။ ရန်ကုန်-စင်္ကာပူ၊ ရန်ကုန်- မလေးရှား တိုက်ရိုက် လေကြောင်းတွေကို ၁၉၉၃ ခုနှစ်ကတည်းကပဲ စတင်ပျံသန်းပြေးဆွဲခဲ့တာပါ” ဟု MAI လေကြောင်းလိုင်းမှ အေးမရသာ က မဇ္ဈိမကို
ပြောသည်။
ထို့အပြင် ရန်ကုန်-ကမ္ဘောဒီးယားခရီးစဉ်နှင့် ရန်ကုန်- ကွမ်ကျိုး ခရီးစဉ်ကိုလည်း ၂၀၁၀ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့သည်။
MAI လေကြောင်းလိုင်းအနေဖြင့် မန္တလေး လေဆိပ်ကို အခြေစိုက်၍ မန္တလေး- ဘန်ကောက်နှင့် မန္တလေး- ဂါယာ လေကြောင်းတွေကိုလည်း ၂၀၁၂ ခုနှစ်ထဲတွင် စတင်ပြေးဆွဲခဲ့ပြီး စင်းလုံးငှား ပျံသန်းမှုကိုလည်း
ပြေးဆွဲပေးနေကြောင်း သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top