Blogger Widgets

Monday, 6 May 2013

စက်တင်ဘာရွေးကောက်ပွဲမှာ နိုင်ရမယ်လို့ Julia Gillard ပြော

သြစတြေးလျ ​နိုင်ငံမှာ ​လာမည့် ​စက်တင်ဘာလ ​ရွေးကောက်ပွဲမှာ ​လက်ရှိ ​ဝန်ကြီးချုပ် ​အရေး ​ရှုံး ​နိမ့်နိုင်တယ်ဆို ​တဲ့ပြောဆို ​သုံးသပ်ချက်တွေကို ​သူ့အနေနဲ့ ​အနိုင်ရဖို့ ​အခွင့်အလမ်းတွေ ​ရှိတယ်ဆိုပြီး ​ခုခံကာကွယ်ပြောဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် ​Julia ​Gillard ​က ​လက်ရှိ ​အုပ်ချုပ်နေတဲ့ ​လေဘာပါတီအဖို့၊ ​ကြိုတင်မဲကောက်တန်း ​ဟောကိန်းတွေ ​အရ ​အတော်ကို ​အရေးရှုံးနိမ့်နေတာတွေ ​ပြနေတော့ ​အတော်ကို ​ကြိုးစားရ ​မှာဖြစ်တယ်လို့ ​ဆိုပါတယ်။
ဝန်ကြီးချုပ် ​Julia ​Gillard ​က ​သူ့အနေနဲ့ ​တရုတ်နိုင်ငံနဲ့ ​နှစ်စဉ်နှစ်တိုင်း  ​သြစတြေးလျ ​နိုင်ငံနဲ့ ​၂ ​နိုင်ငံ ​ဆွေးနွေး ​တိုင်ပင်မှု ​ပြုလုပ်သွားမယ်ဆိုတဲ့ ​သဘောတူညီ ​ချက်ကို ​ရအောင် ​ကြိုးပမ်းခဲ့တာတွေ၊ ​စာသင်ကျောင်းတွေ ​နဲ့ ​ပတ်သက်ပြီး ​ထောက်ပံ့ငွေပိုတိုးမှုတွေကို ​အောင်မြင်အောင် ​ဆောင် ​ရွက်နိုင်တာတွေနဲ့ ​မသန်မစွမ်းသူတွေအတွက် ​အာမခံစနစ်ထားရှိဖို့ ​ကြိုးပမ်းအောင် ​မြင်ခဲ့တာတွေကို ​အောင်မြင်ချက်များ ​အနေနဲ့ ​မီးမောင်းထိုးပြောဆိုသွားပါတယ်။
ဝန်ကြီးချုပ် ​Julia ​Gillard ​က ​သူ့ ​အနေနဲ့ ​ရွေးကောက်ပွဲကို ​လေဘာပါတီက ​အနိုင်ရရ ​မယ်ဆိုတဲ့ ​စိတ်ဓါတ်နဲ့ ​ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ​ပြောပြပါတယ်။
ဝန်ကြီးချုပ် ​Julia ​Gillard ​က ​မသန်မစွမ်းသူ ​တွေ ​အတွက် ​အာမခံ ​စနစ်ထား ​ရှိ ​ဖို့ ​သဘောတူညီ ​ချက်ရ ​နိုင်မှာ ​မဟုတ်ဘူးလို့ ​ပြောဆိုခဲ့ကြပေမဲ့ ​အခုအခါမှာ ​အောင်မြင်ခဲ့တာကိုတွေ့ ​တဲ့အကြောင်း၊ ​အလားတူ ​မအောင်မြင် ​နိုင်ဘူး ​ဆိုတဲ့ပြောဆိုမှု ​တွေ ​ကြားရတာ ​ရိုးနေပြီဖြစ်တဲ့အကြောင်း၊ ​လာမည့် ​စက်တင်ဘာ ​ရွေးကောက်ပွဲမှာလဲ ​ဒီလိုအပြောအဆိုတွေကို ​စိန်ခေါ်မှာဖြစ်တယ်လို့ပြောသွားခဲ့ပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top