အပေါ့သွားခြင်းကိုသင်ကြားရန် ခက်ခဲသည့် သမီးဖြစ်သူကို ရိုက်နှက်သည့်အပြင် လက်များကို စူပါကော်ဖြင့်
သုတ်ပြီး နံရံတွင်ကပ်ကာ နှိပ်စက်သည့် မိခင်တစ်ဦးအား ထောင်ဒဏ်တစ်သက်တစ်ကျွန်းပေးခဲ့သည့်ဖြစ်ရပ်
တစ်ခု အမေရိကန် ပြည်ထောင်စု ဒါးလာ့စ်မြို့တွင်ဖြစ်ပွားခဲ့သည်။
အသက် ၂ နှစ်အရွယ် သမီးဖြစ်သူသည် ဆိုးရွားစွာ အရိုက်ခံထားရသဖြင့် ဦးနှောက်တွင် သွေးယိုစီးခြင်းကို ခံစားနေရ ကြောင်း ဆရာဝန်ဆေးစစ်ချက်ကို တရားရုံးသို့တင်ပြထားခဲ့သည်။
အသက် ၂၃ နှစ်အရွယ် အဲလိဇဘတ် အက်စ်ကာလိုနာအား သမီးဖြစ်သူ ဂျို့စ်လင်း စီဒီလိုကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် နှိပ်စက်ညှဉ်းပမ်းမှုဖြင့် ပြစ်မှုထင်ရှားသောကြောင့် ထောင်ဒဏ်တစ်သက်ချမှတ်လိုက်
ကြောင်း သတင်းရရှိသည်။
ယမန်နေ့က တရားရုံးတွင် စီရင်ချက်ချစဉ် အစိုးရရှေ့နေက နံရံတွင် ကော်ဖြင့်ကပ်ထားခြင်းခံရသည့် က
လေးဖြစ်သူ၏ ပုံများ ကို သက်သေအဖြစ် ထုတ်ပြခဲ့သည်။
ဂျို့စ်လင်းသည် ရိုက်နှက်ဒဏ်ကြောင့် ဦးနှောက်သွေးယိုပြီး ဆေးရုံတွင် တစ်ပတ်ခန့် ကုသခံခဲ့ရသည်။
ထို့ပြင် ကလေးငယ်သည် နံရိုးတစ်ခြောင်းလည်း ကျိုးသွားပြီး၊ ခန္ဓာကိုယ်နေရာအနှံ့အပြားတွင်လည်း ဒဏ်
ရာများရရှိခဲ့သည်။
ကလေးသူငယ်နှိပ်စက်ညှင်းပမ်းမှု အကာအကွယ်ပေးရေးဌာနမှ ဒေါက်တာ အေမီ ဘာတန်က“ကျွန်မတွေ့
လိုက်ရတော့ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။ တကယ့် ကို လူမဆန်စွာ လုပ်ထားတာပါပဲ” ဟု
ပြောကြား ခဲ့သည်။
တရားရုံးက အက်စ်ကာလိုနာကို ထောင်ဒဏ်တစ်သက်အဖြစ် ၉၉ နှစ်ချမှတ်လိုက်ကြောင်း သိရသည်

No comments :
Post a Comment