Blogger Widgets

Friday 3 May 2013

ဇော်ဇော်ဦးကို ဂျပန်ဘေ့စ်ဘောအသင်း ခေါ်ယူ

Photo: ေ။

မြန်မာနိုင်ငံဘေ့(စ်)ဘော အားကစားသမား ဇော်ဇော်ဦး ၂၃ နှစ်ကို ဂျပန်နိုင်ငံ ကာဂါဝ အိုလိဘိ ဂိုင်းနာ အသင်း (Kagawa olive Guyners (IL) Independent League) က ခေါ်ယူလိုက်ပါတယ်။
ကာဂါဝ အိုလိဘိ ဂိုင်းနာ အသင်းဟာ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့ Shikoku Island League plus of baseball အဖွဲ့ ၄ ဖွဲ့ထဲက တဖွဲ့အပါအ၀င် ဖြစ်ပါတယ်။

မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘေ့(စ်)ဘော အားကစားသမား အယောက် ၅၀ ခန့်သာ ရှိပါသေးတယ်။

ဂျပန်နိုင်ငံမှာ လေ့လာကစားရင်း မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်ချင်တယ်လို့ ကိုဇော်ဇော်ဦးက ပြောပါတယ်။

ကိုဇော်ဇော်ဦးဟာ ရန်ကုန်မှာမွေးဖွားပြီး အသက် ၅ နှစ်သားအရွယ်မှာ ဖခင်ဆုံးပါးခဲ့လို့ ဆင်းရဲကျပ်တည်းစွာ ကြီးပြင်းခဲ့ရပါတယ်။ အသက် ၁၁ နှစ်မှာ အန်ဂျီအိုအနေနဲ့ မြန်မာကလေးတွေကို အဖွဲ့စုစည်းပြီး လေ့ကျင့်ဆောင်ရွက်နေတဲ့ ဂျပန်လူမျိုး ကုလ အရာရှိဟောင်း အီဝဆခီ တိုရုစံနဲ့ တွေ့ပြီး ဘေ့(စ်)ဘောပညာကို လေ့ကျင့်ကစားခဲ့တာ ဖြစ်ပါတယ်။

ကိုဇော်ဇော်ဦးဟာ လောလောဆယ် အကိုဖြစ်သူတွေနဲ့အတူ ရန်ကုန်မြို့ရှိ ကော်ပီစက်ပြုပြင်ရေးဆိုင်မှာ အလုပ်လုပ်ရင်း ၁ ပတ်ကို ၂ ရက် လေ့ကျင့်ကစားနေပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top