Blogger Widgets

Wednesday 22 May 2013

ရန်ကုန်- ကွမ်းခြံကုန်း မော်တော် တိမ်းမှောက် ခရီးသည် သုံးဦး ပျောက်ဆုံး

ရန်ကုန် မေ ၂၁
ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကမ်းမြို့နယ် ရွှေတောင်တန်း(၁) ဗောတံတား အနီးတွင် ယနေ့ နံနက်၅ နာရီက ရန်ကုန်- ကွမ်းခြံကုန်းသို့ ပြေးဆွဲနေသော
''အောင်ရတနာမြင့်'' အမည်ရှိ စက်လှေ (ပဲ့ထောင်) တိမ်းမှောက် ခဲ့ကြောင်း သိရသည်။ အဆိုပါ စက်လှေသည် ခရီးသည်နှင့် ကုန်စည်များ တင်ဆောင်ပြီး ဗောတံတားမှ စတင် ထွက်ခွာစဉ် ဗောတံတားမှ တစ်ဖာလုံခန့် အကွာ၌ ရေကျချိန် ရေစီး အရှိန်အား မထိန်းနိုင်ဘဲ တိမ်းမှောက် သွားခဲ့သည်။ စက်လှေ တိမ်းမှောက် မှုကြောင့် အဘ ဦးအေးညွှန့် ၏သမီး မလဲ့လဲ့ဦး (၃၅)နှစ် သေဆုံးပြီး အမည်မသိ အမျိုးသား နှစ်ဦး၊ အမျိုးသမီး ခြောက်ဦး ပျောက် ဆုံးကာ အမျိုးသား ကိုးဦးနှင့် အမျိုးသမီး ခြောက်ဦးအား ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စက်လှေ မောင်းနှင်သူ ကိုကြည်ရွှေ အသက်(၃၈) နှစ်အား ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ခင်မောင်လွင်က (ပ) ၁၃၅/ ၂ဝ၁၃ ပုဒ်မ ၂၈ဝ/၃ဝ၄-က/၃၃၇ဖြင့် အမှုဖွင့် ဆောင်ရွက် နေကြောင်း သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top