Blogger Widgets

Saturday, 4 May 2013

ညဥ့်နက်ပိုင်းမှ ပြန်ရောက်လာသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား အပင်ပန်းခံ စောင့်ဆိုင်းကြိုဆိုသူ များပြားလျက်ပင်ရှိ

Photo: ညဥ့်နက်ပိုင်းမှ ပြန်ရောက်လာသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား အပင်ပန်းခံ စောင့်ဆိုင်းကြိုဆိုသူ များပြားလျက်ပင်ရှိ
Saturday, May 4, 2013 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မေ ၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရန်ကုန်မြို့ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ မွန်ဂိုလီးယားနိုင်ငံ ခရီးစဉ်မှ KE ၄၇၁ လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားမှုကြောင့် မွန်ဂိုလီးယားနိုင်ငံသို့ ဧပြီ ၂၇ ရက် ညပိုင်းက လေကြောင်းခရီးဖြင့် တစ်ပတ်ကြာခရီး သွားရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ နိုင်ငံပေါင်း တစ်ရာကျော်၏ နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုများကြောင့် Geremek Award ဆုကို အဆိုပါ ညီလာခံက ချီးမြှင့်ခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားသမ္မတနှင့်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၎င်းနှင့်အတူ Mongolian and Myanmar : Road to Freedom and Lessons Learner မိန့်ခွန်းကိုလည်း ပူးတွဲပြောကြားခဲ့သည်။

ယခု မွန်ဂိုလီးယား ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် သတ္တမမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွက်မူ တတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်က ခြောက်ရက်ကြာ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန် ၁၃ ရက်မှ ၂၉ ရက်အထိ ဥရောပနိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့သည်။
... "ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ လူအဖွဲ့အစည်း ညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ နိုင်ငံပေါင်း ၁၀၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။  ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီ လှုပ်ရှားဆောင်ရွက်မှုများကြောင့် Geremek Award ဆုကိုလည်း ညီလာခံက ချီးမြှင့်ခဲ့သည်..."

ယင်းနောက် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၄ ရက်အထိ သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဇန်န၀ါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းနှင့် တောင်ကိုရီးယား နိုင်ငံများသို့ ရှစ်ရက်ကြာ သွားရောက်ခဲ့သည်။

ထို့နောက် တတိယမြောက် ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့ ဧပြီ ၁၂ ရက်မှ ၁၉ ရက်အထိ တစ်ပတ်ကြာ သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ် အားလုံးတွင် သက်ဆိုင်ရာ နိုင်ငံများရှိ ခေါင်းဆောင်များက လေးစားစွာ ကြိုဆိုဆက်ဆံခြင်းကို ခံခဲ့ရပြီး မြန်မာနိုင်ငံ အတွက်လည်း အကျိုးရှိစေမည့် အကြောင်းအရာများကို ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်။

ထိုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအတွင်း သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ လုံခြုံရေး အပြည့်အ၀ ပေးခဲ့ပြီး ပြည်တွင်းလုံခြုံရေး ပေးမှုများအပေါ်တွင်ပင် ဝေဖန်မှုများ ဖြစ်စေခဲ့သည်။

ထို့ပြင် ယင်းနိုင်ငံများရှိ မြန်မာမိသားစုများသာမက သက်ဆိုင်ရာ နိုင်ငံသူ၊ နိုင်ငံသားများကပါ ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင် တစ်ဦးအဖြစ် အလေးအနက်ထား ကြိုဆိုခြင်းကို ခံခဲ့ရပြီး နိုင်ငံတကာ မီဒီယာများ၏ အလေးပေး ဖော်ပြခြင်းကိုလည်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်များမှ ပြန်ရောက်သည့် အကြိမ်တိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက်ကြိုဆိုကြသူများ အမြဲလိုပင် များပြားခဲ့သည်။

မွန်ဂိုလီးယားမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း မြင်တွေ့ရစဉ်

Eleven Media Group 

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မေ ၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရန်ကုန်မြို့ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ မွန်ဂိုလီးယားနိုင်ငံ ခရီးစဉ်မှ KE ၄၇၁ လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားမှုကြောင့် မွန်ဂိုလီးယားနိုင်ငံသို့ ဧပြီ ၂၇ ရက် ညပိုင်း က လေကြောင်းခရီးဖြင့် တစ်ပတ်ကြာခရီး သွားရောက်ခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီလူမှုအဖွဲ့အစည်းညီလာခံသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါ ဒီမိုကရေစီ လူမှုအဖွဲ့အစည်းညီလာခံသို့ နိုင်ငံပေါင်းတစ်ရာကျော်၏ နိုင်ငံတကာ အဖွဲ့အစည်း များမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယား သမ္မတနှင့်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၎င်းနှင့်အတူ Mongolian and Myanmar : Road to Freedom and Lessons Learner မိန့်ခွန်းကိုလည်း ပူးတွဲပြောကြားခဲ့သည်။

ယခု မွန်ဂိုလီးယား ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာပြီးနောက် သတ္တမမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွက်မူ တတိယမြောက် ပြည်ပ ခရီးစဉ် ဖြစ်သည်။

... "ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ လူအဖွဲ့အစည်း ညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ နိုင်ငံပေါင်း ၁၀၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီ လှုပ်ရှားဆောင်ရွက်မှု များကြောင့် Geremek Award ဆုကိုလည်း ညီလာခံက ချီးမြှင့်ခဲ့သည်..."

ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ် အားလုံးတွင် သက်ဆိုင်ရာ နိုင်ငံများ ရှိ ခေါင်းဆောင်များက လေးစားစွာ ကြိုဆိုဆက်ဆံခြင်းကိုခံခဲ့ရပြီး မြန်မာနိုင်ငံအတွက်လည်း အကျိုး ရှိစေမည့် အကြောင်းအရာများကို ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်။

ထိုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအတွင်း သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ လုံခြုံရေး အပြည့်အ၀ ပေး ခဲ့ပြီး ပြည်တွင်း လုံခြုံရေး ပေးမှုများအပေါ်တွင်ပင် ဝေဖန်မှုများ ဖြစ်စေခဲ့သည်။

ထို့ပြင် ယင်းနိုင်ငံများရှိ မြန်မာမိသားစုများသာမက သက်ဆိုင်ရာ နိုင်ငံသူ၊ နိုင်ငံသားများကပါ ကမ္ဘာ့ဒီမို ကရေစီခေါင်းဆောင် တစ်ဦးအဖြစ် အလေးအနက်ထား ကြိုဆိုခြင်းကို ခံခဲ့ရပြီး နိုင်ငံတကာ မီဒီယာများ၏ အလေးပေး ဖော်ပြခြင်းကိုလည်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်များမှ ပြန်ရောက်သည့် အကြိမ်တိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် လာရောက်ကြိုဆိုကြသူများ အမြဲလိုပင် များပြားခဲ့သည်

No comments :

Post a Comment

Blogger Widgets
Back to Top