ကချင်ပြည်နယ်ရှိ
မြစ်ဆုံစီမံကိန်းနှင့် ယုဇနပီလောပီနံ စိုက် ပျိုးရေးစီမံ ကိန်းများကြောင့်
ပြောင်းရွှေ့ ခဲ့ရ သည့် ဒေသခံအချို့ နစ်နာကြေး ယခု အချိန်အထိ
မရရှိသေးကြောင်း ကိုယ်တိုင်ကြုံတွေ့ နေသူများက ပြောသည်။
ဒေသခံအချို့မှ နစ်နာကြေးရရှိရန်အတွက် သမ္မတထံနှင့် ယင်းစီမံကိန်းမှ တာဝန်ရှိသူများထံသို့ ၂ဝဝ၈ ခုနှစ်ကတည်းက တောင်းဆို ထားခြင်ြး ဖစ်ကြောင်း ဒေသခံများက ပြောသည်။အဆိုပါ စီမံကိန်းနှစ် ခု
ကြောင့် ဒေသခံများကို ၂ဝဝ၇ ခုနှစ် တွင် အောင်မြင်သာ၊ မလိယာန်နှင့် ဟူးကောင်း စခန်းဟူ၍ စံပြ စခန်း ၃ ခု တည်ဆောက်ပြီး ပြောင်းရွှေ့နေ ရာချထားပေးခဲ့သည်။ ”ကျွန်မတို့အနေနဲ့ နဂိုမူလရွာကို ပြန်ပြီး အေး
အေးချမ်းချမ်း လုပ်ကိုင်စားချင်တယ်။
အခုနေရာက မြေကြီးထဲမှာ ကျောက်ခဲတွေနဲ့ ဆိုတော့ စိုက်ပျိုးရေး လုပ်လို့မရတော့ စားဝတ်နေရေးအဆင် မပြေ ဘူး” ဟု အောင်မြင်သာစခန်းမှ ဒေါ်ဂျာခေါန်က ပြောသည်။ ဒေသခံများအနေဖြင့် မူလကျေးရွာများ သို့ ပြောင်းရွှေ့လိုကြ သော်လည်း ယင်းနေရာများ တွင် ရွှေတူးခြင်းနှင့် စီမံကိန်းများ ကြောင့် ကျေးရွာ အချို့မှာ ပျက်စီးမှုများရှိနေပြီး ဒေသခံများ၏ ဥယျာဉ်ခြံ၊ မြေများမှာလည်း ပျက်စီးနေပြီဖြ စ်ကြောင်း၊ ၄င်းတို့ ပြောင်းရွှေ့ခံရသည့်အ တွက် နှစ်ကာလအလိုက် နစ်နာကြေးပေးရန် တာဝန်ရှိသူများ ကို တောင်းဆိုခဲ့ခြင်း
ဖြစ်ကြောင်း ယင်းစ ခန်းများသို့ ပြောင်းရွှေ့ခဲ့ ရသော ဒေါ်ဂျာခွန်က ပြောသည်။
”အခု နေတဲ့နေရာက မိုးတွင်းဆို တောင်ကျရေတွေကြောင့် ရွာထဲမှာ ရေကြီးပြီး အိမ်တွေပါတဲ့အထိဖြစ် တယ်”ဟု ၄င်းကပြော သည်။အဆိုပါ စံပြစခန်းများတွင် လက်ရှိအချိန်၌ အိမ်ရာများ ပျက် စီးနေကြောင်း၊ တိုက်နယ်ဆေးရုံထားရှိသော်လည်း ဆရာဝန်အား မြစ်ကြီးနားတွင် နေထိုင်ေ စသည့်အတွက် ဒေသခံများ၏ ကျန်းမာ ရေးစောင့်ရှောက်မှု မရှိကြောင်း၊ သောက်သုံးရေ ကန်များမှာ သန့်ရှင်း မှုမရှိကြောင်း ၄င်းက ဆက်
ပြော သည်။ ကချင်ပြည်နယ်ရှိ အဆိုပါ စံပြစခန်းများတွင် အိမ်ထောင်စု ပေါင်း ၇၃၇ စုရှိပြီး လူဦးရေ ၃၅ဝဝ ကျော် နေထိုင်ကြောင်း သိရ သည်။ - See more at: http://www.sawkyawoo.com/2013/05/blog-post_6566.html#sthash.Q8LGD6fP.dpuf

No comments :
Post a Comment