Blogger Widgets

Monday 6 May 2013

ရွေးကောက်ပွဲမှာ မရှုံးတဲ့အကြောင်း Anwar Ibrahim ပြော

မလေးရှားနိုင်ငံ ​ရွေးကောက်ပွဲကော်မရှင်က ​အထွေထွေရွေးကောက်ပွဲမှာ ​အစိုးရညွန့်ပေါင်းအဖွဲ့တွေက ​လွှတ်တော်မှာ ​နေရာအများဆုံးနိုင်ခဲ့တယ်လို့ကြေညာလိုက်ပြီးနောက် ​အတိုက်အခံပါတီ ​ခေါင်းဆောင် ​အန်န၀ါ ​အီဘရာဟင်က ​ရွေးကောက်ပွဲမှာ ​ရှုံးနိမ့်ကြောင်း ​ငြင်းဆိုလိုက်ပါတယ်။
အစိုးရဖြစ်လာဖို့အတွက် ​လွှတ်တော်မှာနေရာ ​၂၂၂နေရာလိုအပ်တဲ့ ​၁၁၂နေရာကို ​၀န်ကြီးချုပ် ​Najib ​Razak ​ရဲ့ ​ညွန့်ပေါင်းအဖွဲ့ကရရှိခဲ့တယ်လို့ ​ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။
အကျိတ်အနယ်ရှင်ပြိုင်ရတဲ့ ​ရွေးကောက်ပွဲအတွင်းမှာ ​အနိုင်ရရှိခဲ့တဲ့အတွက် ​၅၆နှစ်ကြာ ​အုပ်ချုပ်နေတဲ့လက်ရှိအစိုးရကပဲ ​ဆက်လက်ပြီး ​အာဏာချုပ်ကိုင်ထားမှာဖြစ်ပါတယ်။
ဒါပေမယ့် ​အန်န၀ါ ​အီဘရာဟင်ကတော့ ​လက်ရှိရွေးကောက်ပွဲရဲ့ရလဒ်ကို ​သူ့အနေနဲ့ ​လက်ခံဖို့ ​အဆင်သင့်မဖြစ်သေးတဲ့အကြောင်း၊ ​ဘာကြောင့်လဲဆိုတော့ ​ရွေးကောက်ပွဲမှာ ​မဲမသမာမှုတွေအများကြီး ​ရှိနေတာဖြစ်လို့ဆိုပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top