Blogger Widgets

Thursday 23 May 2013

ပါဂျောင်ကိစ္စ အဆုံးစီရင်ခံ မိသားစုဝင်များသို့ ABSDF မှ တောင်းပန်လွှာ ပေးပို့မည်

မြောက်ပိုင်းဒေသ၏ အစိုးရထောက်လှမ်းရေးများဟု စွပ်စွဲကာ အဆုံးစီရင်မှုများအား ဖော်ထုတ်ရန် မြန် မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)၏ အမှန်တရားနှင့် တရား မျှတမှု ဖော်ထုတ်ရေးကော် မရှင်နှင့် မြောက် ပိုင်းကျောင်း သားရဲဘော်ဟောင်းများ (ABSDF-NB) က မေလ(၂၂)ရက်နေ့က သဘောတူညီခဲ့ကြသည်။ အဆိုပါ သဘောတူညီချက် အပါအ၀င်အချက်(၃) ချက်အား စုံစမ်းဖော် ထုတ်ရေးကော်မရှင်နှင့် ပါဂျောင်စခန်းမှ ထွက်ပြေး လွတ်မြောက်လာသူ များက နှစ်ဖက်တွေဆုံဆွေးနွေးခဲ့ပြီး သဘောတူညီခဲ့ခြင်းဖြစ်သည်။

“ပထမအကြိမ် သူတို့လာတုန်းက အကြိုသဘောတူထားတာရှိတယ်။ အခု တွေဆုံဆွေးနွေးမှုကတဆင့် အဓိက သဘောတူညီချက်(၃)ချက်ရခဲ့တယ်။ သူတို့နဲ့အတူ အကိုတို့ သက်ဆိုင်ရာ မိသားစုတွေဆီသွားပြီး လိုအပ်တဲ့ အချက်အလက်ယူရင်း တောင်းပန်စာကိုပါ တစ်ခါတည်း လိုက်ပေးဖို့ အစီအစဉ်ရှိတယ်။” ဟု နှစ်ဘက်တွေ့ဆုံ ဆွေးနွေးပွဲ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ ရဲဘော်ဟောင်း ကိုရဲလင်းကပြောသည်။

သဘောတူညီချက်(၃)ရပ်မှာ တရားမျှတမှုဖော်ထုတ်ရေးကော်မရှင်နှင့်မြောက်ပိုင်းပြန် ရဲဘော်ဟောင်းများ ပူးပေါင်း ဖော်ထုတ်ရန်၊ ၎င်း စွပ်စွဲစီရင်မှုများတွင် ပါဝင်သူများ မျက်မြင်သက်သေများနှင့် စွပ်စွဲခံရသူများ၏ မိသားစုများကို တွေ့ဆုံ၍ လိုအပ်သည့်အချက်အလက်များ ရယူနိုင်ရန်နှင့် စွပ်စွဲစီရင်ခံရသူများ၏ မိသားစုများထံသို့ သွားရောက်ကာ တောင်းပန်လွာပေးပို့ရန်တို့ဖြစ်သည်။

“အပြောနဲ့အလုပ် နှစ်ခုပေါင်းပြီးမှ ရလဒ်တစ်ခုက ထွက်လာနိုင်မယ်။ အခု တွေ့ဆုံဆွေးနွေးမှုမှာ တချို့ကိစ္စတွေ သဘောတူညီချက် ရခဲ့တယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ ပြောဆိုမှုအပိုင်းမှာ အဆင်ပြေပါတယ်။ ဒါပေမယ့် တွေ့ရှိလာတဲ့အချက်တွေ အပေါ်အစီရင်ခံစာထွက်တဲ့အခါ တစ် ချက်တော့ စောင့်ကြည့်ရမယ်။” ဟု ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသူ ကိုဘိုဘိုက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့်ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ABSDF ခေါင်းဆောင်များသည် မေ လ (၂၁)ရက်နေ့က ဒုတိယအကြိမ်တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး မြောက်ပိုင်းဒေသ၏ အစိုးရထောက်လှမ်းရေးများ ဟု စွပ်စွဲ၍ စီရင်ခဲ့မှုများကို ဖော်ထုတ်ရန်အတွက် အစိုးရက ခွင့်ပြုခဲ့သည်ဟု သိရသည်။

“စုံစမ်းရေးကော်မရှင်ကလည်း ကိုသံချောင်းနဲ့ တွေ့ချင်ပါတယ်လို့ ပြောတယ်။ အစိုးရက ခွင့်ပြုတယ်ဆိုပေ မယ့် သာယာဝတီထောင်မှာ ရှိနေတဲ့ ကိုသံချောင်းအပါအ၀င် တခြား ဗဟိုကော်မတီ သွားတွေ့ပြီး လိုအပ်တဲ့ အချက် အလက်တွေ ရယူနိုင်ဖို့တော့ မသေချာဘူး။” ဟု မြောက်ပိုင်းပြန် ရဲဘော်ဟောင်း ကိုရဲလင်းက ဆိုသည်။

၁၉၉၂ ခုနှစ် နှစ်ဦးပိုင်းအတွင်း ABSDF မြောက်ပိုင်းပါဂျောင်စခန်း၌ ကျောင်းသား (၁၀၀)ကျော်ကို အစိုးရ ထောက်လှမ်းရေးများဟု စွပ်စွဲစီရင်ရာမှကျောင်းသား(၄၀)ကျော် သေဆုံးခဲ့ပြီး (၅၅)ဦးမှာ စစ်ကြောရေးစခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top