Pages

Sunday, 4 October 2015

မိုဟာမက်အလီကို ဂုဏ်ပြုသည့်အနေဖြင့် တစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုကို Muhammad Ali Legacy Award ဟု SI မဂ္ဂဇင်း အမည်ပြောင်းလဲခဲ့

SI မဂ္ဂဇင်းသည် ကမ္ဘာကျော် ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့ နှစ်စဉ်ချီးမြှင့်နေကျ တစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုကို
Muhammad Ali Legacy Award ဟု အမည်ပြောင်းလဲလိုက်ကြောင်း သိရှိရသည်။
ထို့ပြင် လက်ရှိအချိန်၌ အသက်(၇၃)နှစ်ရှိပြီဖြစ်ပြီး ပါကင်ဆန်ဝေဒနာခံစားနေရသော မိုဟာမက်အလီကိုလည်း အခမ်းအနားပြုလုပ်ကာ ဂုဏ်ပြုခဲ့သည်။
SI မဂ္ဂဇင်းသည် မိုဟာမက်အလီက ဂျိုးဖရေဇာကို ဒုတိယအကြိမ် အနိုင်ရခဲ့သည့် သမိုင်းဝင်လက်ဝှေ့ပွဲ နှစ်(၄၀)မြောက်အဖြစ် ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ထိုးသတ်ခဲ့သည့် အဆိုပါဟဲဗီးဝိတ်ချန်ပီယံလုပွဲမှာ Thrilla in Manilla ဟုလည်း ကျော်ကြားခဲ့သည်။
မိုဟာမက်အလီကို ယခုကဲ့သို့ ဂုဏ်ပြုရန်အတွက် ၎င်းင်း၏ပြိုင်ဘက်များဖြစ်ခဲ့သော ဂျော့ခ်ျဖိုမင်နှင့် လယ်ရီဟိုးလ်မက်စ်တို့ကလည်း ထောက်ခံခဲ့ကြကြောင်း သိရှိရသည်။
SI မဂ္ဂဇင်းသည် တစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုကို ၂၀၀၈ ခုနှစ်မှစ၍ နှစ်စဉ်ချီးမြှင့်နေခြင်းဖြစ်ပြီး ယခုကဲ့သို့အမည်ပြောင်းလဲမှုမပြုမီ မိုဟာမက်အလီ၏ပုံကို ၎င်းတို့၏မဂ္ဂဇင်း၌ (၃၉)ကြိမ်မြောက်အဖြစ် ဂုဏ်ပြုဖော်ပြခဲ့ကြောင်းလည်း သိရှိရသည်။
၁၉၆၃ ခုနှစ် ဇွန်လက ပထမဆုံးအကြိမ်အဖြစ် မျက်နှာဖုံးတွင် ဖော်ပြခံခဲ့ရသည့် မိုဟာမက်အလီက ယင်းမျက်နှာဖုံးသည် သူ၏ ကစားသမားဘ၀ကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့သည်ဟု ပြန်ပြောင်းပြောကြားခဲ့သည်။


Eleven Media Group's photo.

No comments:

Post a Comment