Pages

Friday, 2 October 2015

ထွန်တုံးတိုက်ပွဲဝင် ပုသိမ်ကြီးတောင်သူများ၏ တဲများ၊ ဆိုင်းဘုတ်များကို စည်ပင်ဝင်ဖျက်ဆီး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ညောင်ပင်ကျေးရွာရှိ ဒေသခံများ ပိုင်ဆိုင်သည့် လယ်ယာမြေများ အနက် ဧက ၆၀၀ကို ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ၁၉၉၇ ခုနှစ်တွင် ရေတံခွန်တောင် ဂေါက်ကွင်းတည်ဆောက်ရန်အတွက် သိမ်းယူခဲ့ပြီး ဧက ၃၀၀ သာ ဂေါက်ကွင်းတည်ဆောက်ခဲ့သည်။
ထို့ကြောင့် ပိုလျှံသော လယ်ယာမြေဧက ၃၀၀ ရာအား ပြန်လည်ထွန်ယက်စိုက်ပျိုးခွင့်ပေးရန် ဒသခံများက စက်တင်ဘာလ ၂၅ရက်မှ စတင်၍ ထွန်တုံးတိုက်ပွဲဝင်ကာ အဆိုပါနေရာများတွင် လယ်စောင့်တဲ အလုံး ၂၀ တည်ဆောက်ပြီး ထွန်တုံးတိုက်ပွဲဝင်လျက်ရှိရာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ စက်တင်ဘာလ ၃၀ ရက် ညနေ ၄ နာရီတွင် ထွန်တုံးတိုက်ပွဲဝင်နေသော ဒေသခံများ တည်ဆောက်ထားသည့် တဲများနှင့် အလံများ၊ ဆိုင်းပုဒ်များ ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်းကို ဒေသခံတောင်သူ မမေသက်ဦး၊ ဒေသခံတစ်ချို့နှင့် ဦးဆောင်ထွန်တုံးတိုက်ပွဲဝင်နေသူ ဦးခင်ဦးတို့က ပြောပြသည်။

No comments:

Post a Comment