Pages

Monday, 5 October 2015

သန်လျင်မြို့နယ်၌် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့် ခုတ်သတ်ခဲ့သူအား အောက်တိုဘာ ၇ ရက်တွင် စတင်ရုံးထုတ်မည်ဖြစ်ပြီး တရားလိုအား စစ်ဆေးမည်

တရားခံတင်မြင့်အနေဖြင့် ၂၀၁၄ ခုနှစ် မေလတွင် သန်လျင်မြို့နယ်၌ပင် အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်မှုကြောင့် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် တရားခံပြေးအဖြစ် ကြေငြာထားခံရပြီး စက်တင်ဘာ ၂ ရက်တွင် ၎င်းတိမ်းရှောင်နေသည့် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ သဘာဝတည်းခိုခန်း၌ ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးရာ ဓားဖြင့်ပြန်လည် ခုခံထိုးသတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့နှစ်ဦးဖြစ်သည့် ရဲအုပ်အောင်နိုင်နှင့် တပ်ကြပ်သူရလွင်တို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဒီလူက ဒုစရိုက်မှုတွေ အများကြီးကို ကျူးလွန်ခဲ့သူတစ်ယောက်ပါ။ လူသတ်မှုနဲ့ ထောင်ကျပြီး ၂၀၀၈ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတယ်။ လွတ်လာပြန်တော့လည်း ပြစ်မှုတွေ ထပ်ကျူးလွန်တယ်။ မုဒိမ်းမှုတွေ၊ လုယက်မှုတွေနဲ့ ဒုစရိုက်မှုပေါင်းများစွာကိုလည်း ထပ်မံကျူးလွန်လို့ ထောင်ကျခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာ သမ္မတလွတ်ငြိမ်းခွင့်နဲ့ ပဲ ပြန်လွတ်လာတယ်။ အဲဒီလိုလွတ်ပြီး အခုလိုပြစ်မှုကို ထပ်မံကျူးလွန်ခြင်းဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦး က ဆိုသည်။

No comments:

Post a Comment