Pages

Sunday, 4 October 2015

မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်ရှိ မနောသုခကျောင်းတိုက်တွင် စကားများရန်ဖြစ်ရာမှ ဘုန်းကြီးတစ်ပါးက ကပ္ပိယတစ်ဦးအား ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်၊ ပုလဲသွယ်လမ်းရှိ မနောသုခကျောင်းတိုက်တွင် အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းက ဘုန်းကြီးတစ်ပါးနှင့် ကပ္ပိယတစ်ဦးတို့ စကားများ ရန်ဖြစ်ရာမှ ဘုန်ကြီးက ဓားဖြင့်ထိုးလိုက်ရာ ကပ္ပိယမှာ ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း သတင်းရရှိသည်။
စကားပြော အဆင်မပြေရာမှ ၀ါတော် နှစ်ဝါ ရှိသည့် ဦးရာဇိန္တ (ခေါ်) ဦးလှထွန်း အသက် ၄၆ နှစ်က ၅၄ နှစ် အရွယ် ကပ္ပိယ ဦးရွှေမြအား ဓားဖြင့်ထိုးခဲ့ရာ ၀မ်းဗိုက်၊ လည်ပင်းတို့၌ ဒဏ်ရာများရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဓားဖြင့်ထိုးသည့် ဦးရာဇိန္တ (ခေါ်) ဦးလှထွန်းအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၂) ဖြင့် အရေးယူဆောင်ရွက်ထားကာ မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် ချုပ်ထားပြီး ရဲလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီနယ်မြေရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

No comments:

Post a Comment